Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ဒူရင်းနံ့ကြောင့် စာတိုက်ဝန်ထမ်း ၆ ဦး ဆေးရုံရောက်

ဂျာမနီနိုင်ငံ ဘာဗာရီယံ စာတိုက်မှာ မသင်္ကာစရာ ပါဆယ်ထုပ်မှ ပြင်းထန်တဲ့ အနံ့တွေ

ထွက်နေပြီး အခန်းထဲ မခံမရပ်နိုင်အောင် နံလာတယ်။ အနံ့ပြင်းတဲ့ဒဏ်ကြောင့် စာတိုက်ဝန်ထမ်း ၆ ဦးကို ဆေးရုံ ပို့လိုက်ရတယ်။ ရဲတပ်ဖွဲ့ နဲ့ မီးသတ်တပ်ဖွဲတို့ ရောက်လာပြီဂ ပါဆယ်ထုပ်ကို စစ်ဆေးတဲ့အခါ အနံ့ဟာ ထင်ထားကြသလို အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့ မဟုတ်ဘဲ ပါဆယ်ထုပ်နဲ့ ပေးပို့လိုက်တဲ့ ဒူးရင်းသီးထံမှ ဖြစ်ကြောင်း သိကြရတယ်။

ရဲနဲ့ မီးသတ်တို့က ပါဆယ်ထုပ်ထဲမှ ဘေးဖြစ်စေမယ့် ဓာတ်ငွေ့တွေ ထုတ်လွှတ်နေတယ်လို့ စိုးရိမ်တကြီးဖြင့် ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ လူနာတင်ကား ၆ စီး၊ ရှေးဦးတုံ့ပြန်ရေးယာဉ် ၅ စီး၊ အရေးပေါ်ယာဉ် ၂ စီးတို့ စာတိုက်ကို ရောက်ရှိလာခဲ့ကြပါတယ်။ မီးသတ်စခန်း သုံးခုမှလည်း မီးသတ်ကားများဖြင့် ရောက်ရှိလာခဲ့ကြပါတယ်။
စာတိုက်ဝန်ထမ်း ၁၂ ဦး မူးဝေပြီး မအီမသာ ဖြစ်ကုန်တာအတွက် ကုသပေးရပြီး ၆ ဦးကိုတော့ ဆေးရုံပို့ပေးလိုက်ရတယ်။
အနံ့တွေ ပြင်းထန်နေချိန်မှာ စာတိုက် အဆောက်အဦထဲမှာ ရှိနေကြတဲ့ လူ ၆၀ ဦးကို အပြင်သို့ အရေးပေါ် ထွက်ခိုင်းခဲ့ရတယ်။

 

 

အသက် ၅၀ နှစ်ရှိသူ မြို့ခံတစ်ဦးထံ မိတ်ဆွေတစ်ဦးက စာတိုက်မှတစ်ဆင့် ဒူရင်းသီး ပို့ပေးလိုက်တာ ဖြစ်ပါတယ်။
ဒူရင်းသီးဟာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ရဲ့ ပြည်ပပို့ကုန်တစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် တရုတ်ပြည်ကို ပေးပို့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ထိုင်းနိုင်ငံက ဒူရင်း တန်ချိန် ၆၀၀ ၀၀၀ ထုတ်လုပ်ခဲ့ပြီး အများစုကို ပြည်ပသို့ တင်ပို့ခဲ့တယ်။

Read times Last modified on Wednesday, 24 June 2020 23:13
Rate this item
(0 votes)