Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ပိတ်ရက်မှာ ထိုင်းစတိုင်လ် မှိုထောင်းလေးလုပ်စားရအောင်

Unicode >>>>>

ပိတ်ရက်မှာ ထိုင်းစတိုင်လ် မှိုထောင်းလေးလုပ်စားရအောင်


မှိုထောင်းဆိုတာ ယိုးဒယား သဘောၤသီးထောင်းနဲ့ အတူတူပါပဲဖြစ်ပါတယ်။ ယနေ့တွင် တခေတ်ဆန်းသစ်ပြီး သဘောၤသီးဖတ်နေရာမှာ မှို၊ သစ်သီးစုံ၊ မုန့်တီဖတ်၊ မြီးရှည်ဖတ် စသဖြင့် အစားထိုးထောင်းစားကြပါတယ်။


Ice Factories ရေခဲသိုလှောင်ခန်းများ (၇၇) ခုကိုရှာရန်နှိပ်ပါ။


ပါဝင်ပစ္စည်းတွေကတော့ မှိုဖြူ (သို့) မှိုအညိုရောင်၊ သခွားသီး၊ မုန်လာဥနီ၊ ချယ်ရီခရီးချဉ်သီး၊ ငရုတ်သီးခြောက်၊ ငရုတ်သီးမိုးမျှော်သီး၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်၊ သံပရာသီး၊ မကျည်းနှစ်ရည်၊ ငံပြာရည်၊ သကြား၊ ပုစွန်ငါးပိတို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ကြက်သွန်ဖြူနဲ့ ငရုတ်သီးနှစ်မျိုးကို ဒယ်အိုးထဲထည့်ပြီး လှော်ပေးပါ။ ငရုတ်သီးစိမ်းဆိုရင် ဗိုက်နာမှာ စိုးတဲ့အတွက် လှော်တာဖြစ်ပါတယ်။


ကြက်သွန်၊ ငရုတ်လှော်တာရရင် ဆုံထဲမညက်တညက်ထောင်းပေးပါ။ ရတာနဲ့ ငါးပိမီးကင်ထားတာထည့် သကြား၊ ငံပြာရည်၊ ချယ်ရီသီး၊ ခရမ်းချဉ်သီးနှစ်ခြမ်းခြမ်းထားတာထည့် သံပရာသီးညှစ်ထည့် မကျည်းရည်ထည့်ပြီး အသာလေး သမသွားအောင်ထောင်း အရသာမြည်းပြီးရင် သန့်စင်ပြီး ရေနွေးဖျောထားတဲ့ မှို အချောင်းလိုက်လေးတွေကိုလှီးထားပါ။


Read More >>>>> မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း သတင်းထုတ်ပြန်ချက်


ပြီးလျှင် မှို၊ သခွားသီးနဲ့ မုန်လာဥနီ ထည့်ထောင်းပါ။ ရပြီဆို ပန်းကန်ထဲပြင်ထည့်ပြီး ပုစွန်ခြောက်လေး ဖြူးလိုက်ပါ။ မြေပဲကြိုက်နှစ်သက်ရင်တော့ မြေပဲစေ့လှော်လေးပါဖြူး လိုက်ပါ။ နောက်မှ ဂေါ်ဖီထုပ်၊ ကန်ဇွန်းရိုးနီတို့နဲ့ တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

Home Page Food

 

Screenshot from 2020 03 26 08 49 32

 

 

Zawgyi >>>>>


 

မှိုထောင်းဆိုတာ ယိုးဒယား သဘောင်္သီးထောင်းနဲ့ အတူတူပါပဲဖြစ်ပါတယ်။ ယနေ့တွင် တခေတ်ဆန်းသစ်ပြီး သဘောင်္သီးဖတ်နေရာမှာ မှို၊ သစ်သီးစုံ၊ မုန့်တီဖတ်၊ မြီးရှည်ဖတ် စသဖြင့် အစားထိုးထောင်းစားကြပါတယ်။

 


 


 


 


 


 


 


Read times
Rate this item
(0 votes)