Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


လောင်ကော်သီးနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ်ဟောင်း ယဉ်လပ် အကြံပြုတင်ပြ

တရုတ်အစိုးရ အဝယ်ပိတ်သဖြင့် ထိုင်းလောင်ကော်သီး ဈေးမရဖြစ်နေသည့်ပြဿနာနှင့် စပ်လျဉ်း၍ ယဉ်လပ် အကြံပြုချက်ကို


ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယဉ်လပ်က သူမရဲ့ Facebook စာမျက်နှာမှာ အကြံပြုချက်ကို တင်ပြခဲ့ပါတယ်။


ဒီနေ့ ဒူဘိုင်းမှာ ရှိတဲ့ စူပါမားကက်တစ်ခုထံမှ လောင်ကော်သီးတွေ ကျမ ဝယ်ခဲ့တယ်။
လောင်ကော်သီးတွေက ကျမ ထိုင်းနိုင်ငံကို လွမ်းဆွတ်မိအောင် ပြုကြပါတယ်။
အခုနှစ်က ထိုင်းမှာ ရာသီဥတုကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပြီး နှစ်စပိုင်းမှာ အေးခဲ့တယ်။ ရလဒ်အဖြစ် လောင်ကော်သီးအထွက် များခဲ့တာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀% ပိုများခဲ့တယ်။ လောင်ကော်သီးက ပြည်ပတင်ပို့တဲ့ အသီးဖြစ်ပြီး ဝယ်လိုအား မြင့်မားပါတယ်။ ဒါပေမဲ့ ဖြန်ချိရေး လမ်းကြောင်းတွေမှာ အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကပ်ရောဂါဘေးရဲ့ အကျိုးထိခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။

အဲဒီအချက်ကြောင့် လယ်သမားတွေရဲ့ ဘဝတွေကို ကျမ စိတ်ပူမိတယ်။ အထူးသဖြင့် မြောက်ပိုင်းမှာ နေကြတဲ့သူတွေ။ သူတို့က လောင်ကော်သီးတွေ အများအပြား စိုက်ပျိုးကြတယ်။ အလျှံပယ် ထုတ်လုပ်တာကြောင့် ဒုက္ခရောက်ကြရတယ်။ နောက်ဆုံးဖြစ်ရပ်မှာ တရုတ်နိုင်ငံက ထိုင်းနိုင်ငံ ကုမ္ပဏီ အများအပြားတို့ထံမှ လောင်ကော်သီးတွေ တင်သွင်းတာကို ရပ်ဆိုင်းထားလိုက်တယ်။
စီးပွားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံအပေါ် တချို့ဟာတွေ ဖြေလျော့ပေးဖို့ တရုတ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ကျမ မြင်တယ်။
ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံက ထိုင်းလောင်ကော်သီးတွေအတွက် နံပါတ်(၁) ပို့ကုန်ဈေးကွက် ဖြစ်နေတယ်။ ပြီးတော့ အခုဟာက ရုတ်တရက်ကြီး အမိန့်ထုတ်လိုက်တာ ဖြစ်နေတယ်။

အခုအခါမှာ လောင်ကော်သီးတွေ ဆွတ်ခူးတဲ့အချိန် ဖြစ်နေပြီး ဈေးကွက်ထဲကို လောင်ကော်သီးတွေ အများအပြား ဝင်နေတဲ့အချိန် ဖြစ်နေတော့ ထိခိုက်နစ်နာမှာ သေချာတယ်။ တခြားတစ်ဘက်မှာ ထိုင်းနိုင်ငံက တရုတ်သစ်သီးဝလံ ပမာဏ အများကြီးကို ထိုင်းနိုင်ငံအတွင်း ဖြန့်ချိဖို့ လက်ခံပေးထားတယ်။ ဒီတော့ သက်သာရာသက်သာကြောင်း တစ်နည်းနည်းကို ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်နိုင်လောက်တယ်။

ဘာပဲဖြစ်ဖြစ် အစိုးရကို စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းတွေ နိမ့်ကျနေတဲ့ ပြဿနာကို အလေးအနက်ထားပြီး ရေရှည်ပပျောက်အောင် ဖြေရှင်းပေးဖို့ ကျမ တိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့ ပြည်နယ်တွေအကြား စိုက်ပျိုးရေးထုတ်ကုန်တွေ ဖလှယ်တဲ့ စီမံကိန်း လုပ်ပေးနိုင်တာက အတော်ကလေး အကန့်အသတ်ရှိနေတယ်။ လယ်သမားတွေကို ကျယ်ကျယ်ပြန့်ပြန့်အထိ မထောက်ကူပေးနိုင်ဘူး။

နိုင်ငံတော်က တချို့ဈေးနှုန်းတွေကို ထောက်ပံ့ကြေး စိုက်ထုတ်ပေးလို့ ရတယ်။ ဒါပေမဲ့ လောင်ကော်သီး အလျှံပယ် ဖြစ်နေပြီး ဈေးနှုန်း နိမ့်ကျနေတဲ့ ပြဿနာကို ဖြေရှင်းတာမှာ ပုဂ္ဂလိကကဏ္ဍထံမှ ပူပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ တောင်းခံပြီး လောင်ကော်သီး လတ်လတ်ဆတ်ဆတ်တွေကို ဝယ်ယူခိုင်းရမယ်။ သို့မဟုတ်ပြည်ပတင်ပို့ဖို့ စောင့်ဆိုင်းတာအတွက် စက်ရုံတစ်ခုကို လောာင်ကော်သီးတွေ အခြောက်ခံဖို့နဲ့ စည်သွပ်ဘူးလုပ်ပြီး တာရှည်ခံအောင် လုပ်ထားခိုင်းရမယ်။ လောင်ကော်သီး တစ်မျိုးတည်းတော့ မဟုတ်ပါဘူး။ စိုက်ပျိုးရေး အသီးအနှံတွေ အကုန်လုံးကို အစိုးရက မဖြစ်မနေ ဂရုစိုက်ပေးရမယ်။ ထောက်ကူတဲ့ ဆောင်ရွက်ချက်တွေ အသင့်ပြင်ဆင်ထားသင့်တယ်။ ဒီတော့မှ အခုလို ဝဲဂကယ်မျိုးကို နှစ်စဉ် မကြုံတွေ့မှာ ဖြစ်ပါတယ်။ အလားတူပင် စိုက်ပျိုးရေး ထွက်ကုန်တွေကို စနစ်တကျ ဖြန့်ဖြူးတာကို ကူညီဖို့အတွက် စီမံထုတ်လုပ်တဲ့စက်ရုံကနေ သမပါယမတွေ၊ ဗဟိုဈေးတွေ၊ ခေတ်ပေါ် ရောင်းဝယ်ဖောက်ကားတဲ့ ကုန်တိုက်တွေ အကုန်လုံး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြအောင်လည်း လုပ်ဆောင်ပေးရမယ်။

အစိုးရက စိုက်ပျိုးရေး ထုတ်ကုန်တွေ ဝယ်လိုအားနဲ့ ရောင်းလိုအား ဟန်ချက်ညီစေဖို့ မဟာဗျူဟာ ရေးဆွဲချမှတ်ရမယ်။ ရရှိလာတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ၊ တစ်နှစ်တာပတ်လုံး ဈေးကွက်တင်တဲ့ သစ်သီးဝလံတွေ အလျှံပယ်ဖြစ်ခြင်းနဲ့ ဈေးနှုန်းနိမ့်ကျခြင်း ပြဿနာကို စီမံတာမှာ ရေရှည်အတွက် ကျမ အကြံပြုလိုတာက ကျမ ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်စဉ်က စိုက်ပျိုးရေးဇုန်များ ထားရှိတဲ့ လုပ်နည်းကိုင်ဟန်ကို သုံးသပ်သင့်တယ်။ ဘာလို့လဲဆိုတော့ အဲဒီနည်းလမ်းက အမြင့်မားဆုံး အကျိုးအမြတ်ရဖို့ ဆီလျော်တဲ့ စိုက်ပျိုးရေးဧရိယာတွေ စီစဉ်ပေးတယ်။ ဈေးကွက် အခြေခံမူကို လိုက်နာစောင့်ထိန်းထားစဉ်မှာ ထိုင်းလယ်သမားတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ စိုက်ပျိုးရေးစရိတ်ကို လျော့ကျစေတယ်။ ဘာလို့လဲဆိုတော့ သွင်းအားစုတွေကို စိူက်ပျိုးတဲ့အပင်အတွက် လိုအပ်ချက်များနဲ့အညီ ဆီလျော်စွာနဲ့ ထိရောက်စွာ သုံးစွဲတယ်။
ပုဂ္ဂလိကကဏ္ဍ၊ ကုမ္ပဏီတွေ၊ ဝယ်နိုင်စွမ်း ရှိတဲ့သူ မည်သူမဆိုကို ကျမ ဖိတ်ခေါ်ပါတယ်။ လောင်ကော်သီးတွေ၊ ဈေးနှုန်းနိမ့်ကျနေတဲ့
တခြား စိုက်ပျိုးရေး အသီးအနှံတွေကို ထောက်ပံ့ပေးဖို့အတွက် ကူညီပေးကြပါ။ သူတို့ကို ထောက်ကူဖို့ ကူညီပေးပြီး အခုလို ခက်ခဲနေချိန်ကို အတူတကွ ဖြတ်သန်းပေးကြပါ။

Yingluck Shinawatra
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း

Read times
Rate this item
(0 votes)