Thiland



မြန်မာ့ဆန် တတိယအများဆုံး အင်ဒိုနီးရှား တင်သွင်းခဲ့

မြန်မာ့ဆန် တတိယအများဆုံး အင်ဒိုနီးရှား တင်သွင်းခဲ့

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Statistics Indonesia (BPS) ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် အင်ဒိုနီးရှား၏ အကြီးမားဆုံး ပြည်ပဆန် တင်သွင်းသည့်နိုင်ငံဖြစ်ပြီး ယမန်နှစ်က ထိုင်းဆန် အမေရိကန်ဒေါ်လာ ၁၅၃ သန်းဖိုး တင်သွင်းခဲ့ပါသည်။

ဒုတိယအများဆုံးမှာ ပါကစ္စတန်ဖြစ်ပြီး ပါကစ္စတန်ဆန် အမေရိကန်ဒေါ်လာ ၇၉.၃ သန်းဖိုး တင်သွင်းခဲ့ပါသည်။

မြန်မာ့ဆန်သည် တတိယအများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၃.၉၈ သန်းဖိုး တင်သွင်းခဲ့ပါသည်။

 

ဇန်နဝါရီလတွင် ဆန် ၄၄၃,၉၁၃ တန်တင်သွင်းခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၇၉ သန်း ဖြစ်ပါသည်။ 

 

ထိုသို့ ပြည်ပမှ ဆန်များ တင်သွင်းလျက် ရှိသော်လည်း ဆန်ဝယ်စားကြသူများသည် သမားရိုးကျ ဈေးများ၊ စူပါမားကက်များ၊ မီနီမားကက်များတွင် ဆန် ရှားပါးနေပြီး ဈေးမြင့်မားနေသည်ကို ရင်ဆိုင်နေကြရသည်။ 

ဆန် တလီတာ ယခင်က ရူပီယာ ၁၃,၀၀၀ သို့ မြင့်တက်လာခဲ့ပြီး ယခုအခါ က ရူပီယာ ၁၆,၀၀၀  (US$1.02) သို့ ရောက်ရှိနေသည်။ ဆန်အကောင်းစားသည် တလီတာ ရူပီယာ ၂၃,၀၀၀ သို့ ရောက်ရှိနေသည်။ ဆန်ဈေး မြင့်လွန်းနေသဖြင့် လက်လီရောင်းချသူများသည် ဆိုင်မှာ ဆန်မရောင်းနိုင်ကြတော့ချေ။

 

"မနှစ်က တင်သွင်းမှုက တန်ချိန် ၂ ဒသမ ၈ သန်းရှိပြီး ဒီနှစ်မှာ တန်ချိန် ၂ သန်း သွင်းဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ တကယ်လို့ ပြည်တွင်း စပါးထွက်တာ လုံလောက်တယ်ဆိုရင် မတင်သွင်းတော့ဘူး"ဟု Eddy က ပြောကြားသည်။

 

ဓာတ်မြေဩဇာစျေးနှုန်းများ မြင့်မားခြင်းနှင့် ၂၀၂၃  ခုနှစ်တွင် အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာသော အခြေအနေများအရ စပါးရိတ်သိမ်းမှု နှောင့်နှေးမှုများ အပါအဝင် ထုတ်လုပ်မှုစရိတ်များ မြင့်မားလာခြင်းကြောင့် စျေးနှုန်းတိုးလာရခြင်းဖြစ်သည်ဟု အေဂျင်စီက ပြောကြားသည်။

 

"အခုအထိတော့ ဈေးကစားဖို့ ဆန်လှောင်ထားတာ မရှိပါဘူး။ အားလုံး ပုံမှန် စီးဆင်းပြီး ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ ဒီတော့ ဈေးနှုန်းတွေလည်း ပုံမှန်ပြန်ဖြစ်လာမယ် ထင်ပါတယ်" ဟု Eddy က ပြောကြားသည်။

 

Bapanas အကြီးအကဲ Arief Prasetyo Adi က ၂၀၂၄ ခုနှစ် ပထမနှစ်လတွင် ဆန်ပြတ်လပ်မှု ဖြစ်နိုင်ကြောင်း ယခုနှစ်အစောပိုင်းတွင် သတိပေးခဲ့သည်။

ပြည်တွင်းဆန်ထုတ်လုပ်မှုသည် လက်ရှိတွင် တစ်လလျှင် တန်ချိန် ၁ သန်းခန့်သာရှိပြီး တစ်နိုင်ငံလုံးတွင် တစ်လလျှင် ဆန်တန်ချိန် ၂ ဒသမ ၆ သန်း လိုအပ်နေကြောင်း Arief မှ ပြောကြားခဲ့သည်။

အယ်လ်နီညိုရာသီဥတုကြောင့် ဖြစ်ပေါ်လာသော အခြေအနေများအရ စပါးရိတ်သိမ်းမှု နှောင့်နှေးသဖြင့် ဆန်သစ်ပေါ်ချိန် နောက်ကျပြီး အလျဉ်မမီ ဖြစ်နေသည်ဟု ၎င်းက ပြောကြားသည်။ 

သို့ဖြစ်ရာ ဆန်သစ်များ ဝင်မလာခင်စပ်ကြားတွင် ယမန်နှစ်က ဝယ်ယူသိုလှောင်ထားသည့် ဆန်များ ထုတ်ရောင်းပေးပြီး ဖြည့်တင်းပေးမည်။ 

 

 ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan က အစိုးရသည် ယမန်နှစ်က ဆန်တင်သွင်းမှု ခွဲတမ်းမှ တင်သွင်းဖို့ ကျန်ရှိနေသေးသည့်  တန်ချိန် ၆ သိန်းခန့်ကို တင်သွင်းမည်ဖြစ်ပြီး မတ်လကုန်ပိုင်းတွင် အင်ဒိုနီးရှားသို့ ရောက်ရှိလာမည်ဟု ပြောကြားသည်။

ထို့ပြင် ဆန်တန်ချိန် ၂ သန်း တင်သွင်းပြီး ဆန်မလုံလောက်သည့် ပြဿနာကို ဖြေရှင်းမည်။

 

အင်ဒိုနီးရှားသည် ပြည်တွင်းဆန်ပြတ်လပ်ပြီး ဈေးတက်လာနေခြင်းကို ထိန်းပေးနိုင်ရန် ထိုင်းနိုင်ငံမှ ဆန်တင်သွင်းမည် ဖြစ်သည်။

 

အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ (Bapanas) သည် ဆန်ပြတ်လပ်မှုနှင့် နိုင်ငံတစ်ဝှမ်း ဈေးနှုန်းများ ခေါင်ခိုက်အောင် မြင့်တက်နေခြင်းကို တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂ သန်း တင်သွင်းရန် စီစဉ်နေကြောင်း အေဂျင်စီ၏ အတွင်းရေးမှူး Sarwo Edhy က ပြောကြားခဲ့သည်။

Source asianews


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Friday, 23 February 2024 11:56
Rate this item
(0 votes)