Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် သခွားသီးထောင်း

Unicode

ထိုင်းစတိုင်လ် သခွားသီးထောင်း

ချဉ်ငံစပ် စားချင်သူများအတွက် ထိုင်းစတိုလ် သခွားသီးထောင်း ချဉ်ငံစပ် သုပ်နည်းလေး ကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ သခွားသီး၊ ငရုတ်သီးစိမ်းအနီတောင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ သံပရာသီး၊ ထန်းလျက်ခဲ၊ ပုစွန်ခြောက်၊ ငံပြာရည်၊ သံပရာရည်၊ မြေပဲလှော်တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး သခွားသီးကို အခွံခွာပြီး အလုံးလိုက် ရေဆေး၍ ခြစ်ဖြင့်ခြစ်ပြီး ရေခဲသေတ္တာထဲမှာ ဆယ်မိနစ်လောက် ထည့်ထားပါ။

 

ပြီးလျှင် ခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်း ခွဲထားပါ။


    
ပြီးနောက် ပဲတောင့်ရှည်များကို ရေဆေးပြီး တစ်လက်မလောက် အနေတော် လှီးထားပါ။

 

ပြီးလျှင် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ မထူမပါး လှီးထားပါ။

 

Read More >>>>>   ထမင်းစားမြိန်စေမယ့် ချဉ်ငံစပ် ဆိတ်အူကြမ်းသုပ်

 

ပြီးနောက် မြေပဲလှော်ကို အခွံချွတ်ထားပါ။


    
ပြီးလျှင် သံပရာသီးကို အူတိုင်ဖယ်ပြီး အစိတ်ကလေးတွေဖြစ်အောင် လှီးပေးပါ။

 

ပြီးနောက်  ကြံသကာအနှစ်ကို အဆင်သင့် ပြင်ထားပါ။

 

ပြီးလျှင် ငရုတ်ဆုံထဲမှာ ပုစွန်ခြောက်ကို မညက်တညက် ထောင်းပေးပါ။

 

ပြီးနောက်  ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ပုစွန်ခြောက်ထဲ ထည့်ထောင်းပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်းကိုလဲ ရေဆေးကာ အညှာခြွေပြီး မညက်တညက် ထည့်ထောင်းပေးပါ။

 

ပြီးနောက် ထန်းလျက်ခဲ၊ ငံပြာရည်၊ သံပရာရည်တို့ထည့်ပြီး ငရုတ်ကျည်ပွေ့နှင့် သမအောင် ခပ်ဖွဖွ မွှေပေးပါ။

 

ပြီးလျှင်  ပဲတောင့်ရှည်နှင့် ခရမ်းချဉ်သီးလေးတွေကိုထည့်ပြီး လေး ငါးချက်လောက် ခပ်ဖွဖွ ထောင်းပေးပါ။

 

ပြီးနောက် အားလုံး သမသွားပြီဆိုတော့မှ လှီးထားသော ကြက်သွန်နီကို အအေးခံထားသော သခွားသီးနှင့် သံပရာရည်ညှစ်ပြီး အခွံပါထည့်ကာ ခပ်ဖွဖွလေး၍ မွှေပေးပါ။

 

ပြီးရင်တော့  ချိုချဉ်ငံစပ်ပြီး မွှေးနေတဲ့ သခွားသီးထောင်းကိုထောင်းကို ပန်းကန်ထဲထည့်ပြီး ပဲတောင့်ရှည်ဘေးမှာထားပြီး မြေပဲလှော်ဖြူးကာ အသင့်သုံးဆောင်နိုင်ပါတယ်။

 

Myanmar Food Industry Directory

 

 

ထိုင္းစတိုင္လ္ သခြားသီးေထာင္း

 

ခ်ဥ္ငံစပ္ စားခ်င္သူမ်ားအတြက္ ထိုင္းစတိုလ္ သခြားသီးေထာင္း ခ်ဥ္ငံစပ္ သုပ္နည္းေလး ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

ပါဝင္ပစၥည္းမ်ားကေတာ့ သခြားသီး၊ င႐ုတ္သီးစိမ္းအနီေတာင့္၊ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ ခရမ္းခ်ဥ္သီး၊ ပဲေတာင့္ရွည္၊ သံပရာသီး၊ ထန္းလ်က္ခဲ၊ ပုစြန္ေျခာက္၊ ငံျပာရည္၊ သံပရာရည္၊ ေျမပဲေလွာ္တုိ႕လိုအပ္ပါမယ္။

 

ပထမဦးဆံုး သခြားသီးကို အခြံခြာၿပီး အလံုးလိုက္ ေရေဆး၍ ျခစ္ျဖင့္ျခစ္ၿပီး ေရခဲေသတၱာထဲမွာ ဆယ္မိနစ္ေလာက္ ထည့္ထားပါ။

 

ၿပီးလွ်င္ ခရမ္းခ်ဥ္သီးကို ေရေဆးၿပီး ထက္ျခမ္း ခြဲထားပါ။

 

Read More >>>>>   ထမင်းစားမြိန်စေမယ့် ချဉ်ငံစပ် ဆိတ်အူကြမ်းသုပ်


    
ၿပီးေနာက္ ပဲေတာင့္႐ွည္မ်ားကို ေရေဆးၿပီး တစ္လက္မေလာက္ အေနေတာ္ လွီးထားပါ။

 

ၿပီးလွ်င္ ၾကက္သြန္နီကို အခြံခြာၿပီး ေရေဆးကာ မထူမပါး လွီးထားပါ။

 

ၿပီးေနာက္ ေျမပဲေလွာ္ကို အခြံခြ်တ္ထားပါ။


    
ၿပီးလွ်င္ သံပရာသီးကို အူတိုင္ဖယ္ၿပီး အစိတ္ကေလးေတြျဖစ္ေအာင္ လွီးေပးပါ။

 

ၿပီးေနာက္  ႀကံသကာအႏွစ္ကို အဆင္သင့္ ျပင္ထားပါ။

 

ၿပီးလွ်င္ င႐ုတ္ဆံုထဲမွာ ပုစြန္ေျခာက္ကို မညက္တညက္ ေထာင္းေပးပါ။

 

ၿပီးေနာက္  ၾကက္သြန္ျဖဴကို အခြံခြာၿပီး ေရေဆးကာ ပုစြန္ေျခာက္ထဲ ထည့္ေထာင္းပါ။

 

ၿပီးလွ်င္ င႐ုတ္သီးစိမ္းကိုလဲ ေရေဆးကာ အညွာေႁခြၿပီး မညက္တညက္ ထည့္ေထာင္းေပးပါ။

 

ၿပီးေနာက္ ထန္းလ်က္ခဲ၊ ငံျပာရည္၊ သံပရာရည္တို႕ထည့္ၿပီး င႐ုတ္က်ည္ေပြ႕ႏွင့္ သမေအာင္ ခပ္ဖြဖြ ေမႊေပးပါ။

 

ၿပီးလွ်င္  ပဲေတာင့္႐ွည္ႏွင့္ ခရမ္းခ်ဥ္သီးေလးေတြကိုထည့္ၿပီး ေလး ငါးခ်က္ေလာက္ ခပ္ဖြဖြ ေထာင္းေပးပါ။

 

ၿပီးေနာက္ အားလံုး သမသြားၿပီဆိုေတာ့မွ လွီးထားေသာ ၾကက္သြန္နီကို အေအးခံထားေသာ သခြားသီးႏွင့္ သံပရာရည္ညွစ္ၿပီး အခြံပါထည့္ကာ ခပ္ဖြဖြေလး၍ ေမႊေပးပါ။

 

ၿပီးရင္ေတာ့  ခ်ဳိခ်ဥ္ငံစပ္ၿပီး ေမႊးေနတဲ့ သခြားသီးေထာင္းကိုေထာင္းကို ပန္းကန္ထဲထည့္ၿပီး ပဲေတာင့္ရွည္ေဘးမွာထားၿပီး ေျမပဲေလွာ္ျဖဴးကာ အသင့္သံုးေဆာင္ႏိုင္ပါတယ္။

 

Myanmar Food Industry Directory

Read times Last modified on Friday, 31 January 2020 16:35
Rate this item
(0 votes)