Thiland



တရုတ်-လာအို ရထားလမ်းကြောင့် ထိုင်းဒူရင်း တင်ပို့မှု မြင့်တက်

တရုတ်-လာအို ရထားလမ်းကြောင့် ထိုင်းဒူရင်း တင်ပို့မှု မြင့်တက်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL

လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များနှင့် ပို့ဆောင်သည့် ကြာချိန် လျော့ကျသွားခြင်းတို့ကြောင့်  ယခုနှစ် ပထမငါးလတွင် ထိုင်း-တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှု ၃၆၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ထိုင်း-တရုတ်-လာအို ရထားလမ်းကြောင်းသည် ထိုင်းကုန်ပစ္စည်းများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် အခွင့်အလမ်း သာနေစေသည်။ ပို့ဆောင်ချိန်ကို ကုန်းလမ်းမှ ထရပ်ကားဖြင့် ပို့ဆောင်ပေးခဲ့ရစဉ်က နှစ်ရက် ကြာမြင့်ခဲ့သည်။

ယခုအခါ ရထားဖြင့် ပေးပို့ရာ၌ ၁၅ နာရီအောက်သာ ကြာတော့သည်။

 

တရုတ်-လာအို ရထားလမ်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲခဲ့သည်။

 

လာအိုနယ်စပ်အနီး နွန်ခိုင် ကုန်းတွင်းဆိပ်ကမ်းမှ တစ်ဆင့် နယ်ခြားကို ဖြတ်ကျော်သည့် ပို့ကုန်စုစုပေါင်း တန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် ဘတ် ၉၀.၄၁ (ကန်ဒေါ်လာ ၂.၅၅ သန်း) ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဘတ် ၁.၉၆ ဘီလီယံ (ကန်ဒေါ်လာ ၅၅ သန်း) သို့ ခုန်တက်သွားသည်။

 

 ထိုင်းမှ တင်ပို့သော ဒူရင်း အပါအဝင် အသီးများသည် အာဆီယံ-တရုတ် လွတ်လပ်ကုန်သွယ်ရေး ဧရိယာနှင့် ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)တို့မှ ခံစားခွင့်များကို ရရှိသည်။

တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ၏ ပို့ကုန်တန်ဖိုးမှာ ဇန်နဝါရီမှ မေလအတွင်း ထိုင်းဘတ်ငွေ ၂ ဒသမ ၈၄ ဘီလီယံ (ဒေါ်လာ ၈၀ ဒသမ ၂၂ သန်း) ရှိခဲ့ပါသည်။ ယင်းတွင် ၇၂% သည် လတ်ဆတ်ဒူရင်းသီးများ တင်ပို့ခဲ့ခြင်း ဖြစ်သည်ဟု ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန Department of Trade Negotiations (DTN) က ပြောကြားသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 27 August 2023 11:01
Rate this item
(0 votes)