Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် အုန်းနို့ရေခဲမုန့်

ထိုင်းစတိုင် အုန်းနို့ရေခဲမုန့်

အုန်းနို့အနံ့လေးနဲ့ ဆိမ့်ဆိမ့်လေးနဲ့မို့ စားလို့အရမ်းကောင်းပြီး ကလေးများအကြိုက်တွေ့မယ်ထင်လို့ လုပ်စားရအောင် ဖော်ပြပေးလိုက်ပါတယ်။

 

Agar (8)ကျောက်ကျောထုတ်လုပ်ငန်းများ (၈) ခုကိုရှာရန်နှိပ်ပါ။

 

ထိုင်းစတိုင် အုန်းနို့ရေခဲမုန့်လေးကို အိမ်မှာ ကောင်းကောင်းလေးနဲ့ အလွယ်တကူလုပ်စားဖို့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။   

 

ပါဝင်သောပစ္စည်းများ Heavy Whipping cream အရည်၊ သကြား၊ အုန်းနို့၊ ပြောင်းဖူးကော်မှုန့် တို့ ပါဝင်ပါမယ်။

 

Read More >>>>  လွယ်လင့်တကူပြုလုပ်နိုင်တဲ့ အသားနဲ့သီးနှံစုံကင်ပြုလုပ်နည်း

 

ပထမဦးဆုံး အုန်းနို့၊ သကြားနှင့် ပြောင်းဖူးကော်မှုန့်တို့ကို အိုးထဲသို့ထည့်၍ ပြောင်းဖူးမှုန့်များ အခဲများမကျန်ပဲ ပျော်သွားအောင်အရင်ဖျော်ထားပါ။

 

ပြီးနောက် မီးဖိုပေါ်ကိုတင်၍ ပွက်လာအောင် တည်ထားပေပါ။  ပွက်လာလျှင် အအေးခံထားပါ။

 

ပြီးလျှင် နောက်ထပ် ဇလုံကြီးကြီး တစ်ခုထဲမှာ Heavy whipping cream အရည်ကိုထည့်ပြီး လျှပ်စစ်မွှေစက်ဖြင့် ၅မိနစ်ခန့် မွှေပေးပါ။ ပြီးရင်တော့ ခရင်ပုံစံဖြစ်သွားပါလိမ့်မယ်။

 

ပြီးနောက် လုံးဝအေးသွားသော အုန်းနို့အရည်ထဲကို ခရင်မ်ထဲက သုံးပုံတစ်ပုံချင်းဆီကိုထည့်ပြီး အထက်အောက် အသာလေးမွှေပြီး အားလုံးသမသွားအောင် ပြုလုပ်ပေးပါ။

 

ပြီးလျှင် သမသွားသော ခရမ်များကို ရေခဲမုန့်လုပ်ရန် ခွက် (သို့) ဗူးထဲထည့်ပြီး အဖုံးဖုံး၍ ရေခဲသေတ္တာအပေါ်ထပ်ထဲတွင် အနည်းဆုံး ၈ နာရီထားပြီး ခဲထားပါ။

 

ပြီးရင်တော့ အုန်းနို့အနံ့သင်းသင်လေးနဲ့ ဆိမ့်နေအောင် စားလို့ကောင်းပြီး ကလေးများအကြိုက်တွေ့စေမယ့် အုန်းနို့ရေခဲမုန့်လေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

 

#Myanmar Food Industry Directory

 

 


 


 


 

Agar (8)ကျောက်ကျောထုတ်လုပ်ငန်းများ (၈) ခုကိုရှာရန်နှိပ်ပါ။

 


 


 

Read More >>>>  လွယ်လင့်တကူပြုလုပ်နိုင်တဲ့ အသားနဲ့သီးနှံစုံကင်ပြုလုပ်နည်း

 


 


 


 


 


 


Read times Last modified on Friday, 21 February 2020 17:54
Rate this item
(0 votes)