Thiland



ထိုင်းနွားနို့ဘူး ဈေးတက်မည်

ထိုင်းနွားနို့ဘူး ဈေးတက်မည်

https://t.me/Guid4U
JOIN THE CHANNEL 

 

နို့စိမ်းထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားမှုနှင့်အညီ နွားနို့ဘူး ထုတ်လုပ်ကြသူများက နွားနို့ဘူး ရောင်းဈေး ဈေးတက်ရန်အတွက်  တောင်းဆိုချက်များကို တင်ပြလာပါက ကုန်ဈေးနှုန်း ထိန်းချုပ်သည့် ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နို့ဘူးဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ရန် စဉ်းစားပေးပြီး အတည်ပြုပေးမည် ဖြစ်ကြောင်း၊  နို့စားနွားမ မွေးမြူရေးသမားများ အဆင်ပြေစေရန်အတွက် နို့စိမ်း ဘုတ်အဖွဲ့က နွားနို့စိမ်း တစ်ကီလိုဂရမ်လျှင် ၂.၂၅ ဘတ် ဈေးတက်ရန် မကြာသေးမီက ခွင့်ပြုခဲ့သဖြင့် နို့စိမ်း စက်ရုံသွင်းဈေးသည် တစ်ကီလိုဂရမ်လျှင် ၂၂.၇၅ ဘတ် ဖြစ်လာသည်။ သို့ဖြစ်ရာ တက်ဈေးနှင့်အညီ နွားနို့ဘူးများ ရောင်းဈေးကိုလည်း မြှင့်တင် သတ်မှတ်ပေးရန် အသင့်ရှိကြောင်း ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Chakra Yodmani က ပြောကြားသည်။

 

လုပ်ငန်းရှင်များထံမှ တောင်းဆိုမှုကို လက်ခံရရှိပြီးနောက် ဌာနသည် စျေးနှုန်းပြန်လည်သုံးသပ်ရန်နှင့် အတည်ပြုရန် ၁၅ ရက်အထိ ကြာမည်ဖြစ်ကြောင်း Mr Chakra မှ ပြောကြားသည်။

 

“နို့ထွက်ပစ္စည်း ထုတ်ကုန်တစ်ခုစီမှာ သုံးတဲ့ နို့စိမ်း အချိုးအစားအပေါ် မူတည်ပြီး နို့ထွက်ပစ္စည်းစျေးနှုန်းတွေကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

 

UHT milk, pasteurised milk  sterilised milk, plain milk စသဖြင့် နွားနို့ ထုတ်ကုန် အမျိုးမျိုး ရှိရာ၌ plain milk တွင် နို့စိမ်း ၁၀၀% ရာနှုန်းပြည့် ပါဝင်သည်။ သို့ဖြစ်ရာ ဈေးနှုန်း တိုးမြှင့်သည့်ပမာဏ အများဆုံး ဖြစ်မည်ဟု ၎င်းက ပြောကြားသည်။

"နို့ထွက်ပစ္စည်း နွားနို့ဘူးတွေမှာ ၂၂၅ မီလီလီတာ နို့ဘူးဆိုရင် ပျမ်းမျှအားဖြင့် ၀.၄ ဘတ်မှ ၀.၅ ဘတ်အထိ ဈေးတက်ပါလိမ့်မယ်" ဟု ၎င်းက ပြောကြားပါသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Monday, 22 January 2024 01:26
Rate this item
(0 votes)