Thiland



တောင်သူလယ်သမားများကို ထောက်ပံ့ကူညီရန် ဘတ် ၅၅ သန်း ထိုင်းအစိုးရ အတည်ပြု

တောင်သူလယ်သမားများကို ထောက်ပံ့ကူညီရန် ဘတ် ၅၅ သန်း ထိုင်းအစိုးရ အတည်ပြု

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

စပါးပေါ်ချိန်တွင် စပါးဈေးနှုန်းများ ကျဆင်းမှုကြောင့် ထိခိုက်နစ်နာနေသည့် တောင်သူလယ်သမားများကို ထောက်ပံ့ကူညီရန် အစိုးရက ကြိုးပမ်းသည့်အနေဖြင့်  ဘတ်ငွေ ၅၅ ဘီလီယံကို သုံးစွဲရန် ထိုင်းနိုင်ငံ အစိုးရအဖွဲ့က နိုဝင်ဘာ ၇ ရက်တွင် အတည်ပြုခဲ့သည်။

 

အဆိုပါ အရေးတယူ ဆောင်ရွက်ချက်သည် စပါးဈေးကောင်းသည့်တိုင်အောင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ငါးလကြာ စပါးရောင်းချမှုကို စောင့်နိုင်စေရန်အတွက်  လယ်သမားများအား ချေးငွေထုတ်ချေးခြင်းဖြစ်သည်ဟု အစိုးရ ပြောရေးဆိုရေး တာဝန်ခံ Chai Wacharonke က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

 

အစိုးရသည် ငါးလတာကာလအတွင်း စပါး မက်ထရစ်တန်ချိန် ၃ သန်းအထိ လယ်သမားများက မရောင်းသေးဘဲ စောင့်နိုင်စေရန် လျာထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

စပါးဈေးကွက်တွင် ဝင်ရောက်စွက်ဖက်ရန် လယ်သမားအဖွဲ့များအတွက် ချေးငွေများလည်း ရှိကြောင်း Chai က ပြောကြားသည်။

Source Reuters 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Tuesday, 07 November 2023 17:39
Rate this item
(0 votes)