Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် တုန်ယမ်းချဉ်စပ် ကြာဆံကြော်

ကြာဆံကြော်ကြိုက်သူများအတွက် ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပုံစံသစ်တစ်မျိုးနဲ့

အရသာရှိရှိလုပ်စားနိုင်တဲ့ တုန်ယမ်းချဉ်စပ် ကြာဆံကြော်လေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ဆန်ကြာဆံ၊ ကြက်ဥ၊ တုန်ယမ်းအနှစ်၊ ပုစွန်၊ ကြက်သား၊ ပဲပင်ပေါက်၊ ပဲပြား၊ ကျိုချက်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ ခရုဆီ၊ နံနံပင်၊ ဆီ၊ ဟင်းခတ်မှုန့် တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဆန်ကြာဆံကို နာရီဝက်ခန့်ကြိုတင်ပြီး ရေစိမ်ထားပါ။ ပြီးလျှင် ကြက်သားကို ရေဆေးသန့်စင်ပြီး ခပ်သေးသေးစိတ်ထားပါ။ ပုစွန်ကို ကျောခွဲပြီး သန့်စင်ထားပါ။ ကြက်ဥကို ခေါက်ထားပါ။

 

ပြီးနောက် အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကိုအပူပေးပြီး ဆီအနည်းငယ်ဖြင့် ကြက်ဥကို အိုးကင်း ကပ်ပါးပါးလေးကြော်ပြီး အပြင်ထုတ်၍ အမျှင်လေးများ စိတ်ထားပါ။

 

ပြီးလျှင် ဆီထည့်ပြီး ပဲပြားအတုံးသေးသေးကို အရောင်ရသည်အထိ ကြော်၍ ဖယ်ထုတ်ထားပါ။ ကြက်သားနှင့်ပုစွန်ကိုလည်း ကြော်ပြီး ဖယ်ထားပါ။

 

ပြီးနောက် ဆီအနည်းငယ်ထပ်ထည့်ပြီး တုန်ယမ်းအနှစ်ထည့်၍ ဆီသတ်ပေးပါ။

 

ပြီးရင် ရေစိမ်ထားသော ကြာဆံထည့်လိုက်ပါ။ ပြီးနောက် ငံပြာရည်၊ ခရုဆီ၊ ဟင်းခတ်မှုန့်ထည့်ပြီး သမအောင် မွှေပေးပါ။ ကြာဆံနူးအောင် ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပေးပါ။

 

ကြာဆံနူးပါက အရသာအပေါ့အငန်မြည်းကာ ကြက်သား၊ ပဲပင်ပေါက်နှင့် ပဲပြားကြော်တို့ကို ထည့်၍ သမအောင်မွှေပေးပြီး ပန်းကန်မှာ တည်ခင်းကာ ကြက်ဥ၊ နံနံပင်၊ ငရုတ်သီးနှင့် တွဲဖက်၍ အရသာကောင်းမွန်တဲ့ ထိုင်းစတိုင်လ် တုန်ယမ်းကြာဆံကြော်ကို အသင့် သုံးဆောင်နိုင်ပါပြီ။

 

Read More >>>>>  ထိုင်းစတိုင်လ် ၀က်ကြိတ်သားနဲ့ ပြောင်းဖူးချိုချဉ်ကြော်

Read times Last modified on Tuesday, 18 September 2018 11:33
Rate this item
(3 votes)