Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ပြောင်းဖူးထမင်းကြော်

ထိုင်းထမင်းကြော်ပုံစံအမျိုးမျိုးရှိတဲ့ထဲက စားနေကျနဲ့မတူတဲ့ ပြောင်းဖူးထမင်းကြော်လေးကို အပြောင်းအလဲလေးဖြစ်အောင် ကြော်စားနိုင်ဖို့အတွက် လမ်းညွှန်ပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ထမင်းဖြူ၊ ကြက်ဥ၊ ကြက်သား၊ ကြက်သွန်နီ၊ ပြောင်းဖူးအသေး၊ ငံပြာရည်၊ ခရုဆီ၊ ပဲငံပြာရည်အနောက်၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်း၊ ငရုတ်သီးခြောက်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြော်မည့်ထမင်းကိုအအေးခံထားပါ။ ကြက်ဥကို ခေါက်ထားပါ။

 

ကြက်သွန်နီကို ပါးပါးစိတ်ထားပါ။ ပြောင်းဖူးကိုအမြောင်းလေးတွေဖြစ်အောင်စိတ်ထားပါ။ ကြက်သားကိုအဆင်သင့် အသေးများဖြစ်အောင် လှီးဖြတ်ထားပါ။

 

အားလုံးအဆင်သင့်ပါက ဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ ဆီပူလာပါက ငရုတ်သီးခြောက်ကို ကြော်ပြီးဘေးဖယ်ထားပါ။

 

ကြက်သွန်နီကို ထည့်ကြော်ပါ။ ကြက်သားနဲ့ ပြောင်းဖူးထည့်လိုက်ပါ။ ကြက်ဥကိုထည့်ပြီး မွှေကြော်ပေးပါ။

 

အသားကျက်ပါက ထမင်းထည့်လိုက်ပါ။ ပြီးလျှင် အရသာဖြည့်စွက်ပြီး အားလုံးသမအောင် မွှေပေးပါ။

 

ပြီးရင်တော့ အရသာအပေါ့အငံမြည်းကြည့်ပြီး ထမင်းပန်းကန်တွင်တည်ခင်း၍ ငရုတ်သီးခြောက်ကြော်၊ ငရုတ်သီးငံပြာရည်စိမ်၊ သံပရာသီးတို့ ဖြင့်တွဲပြီး ထိုင်းစတိုင် ပြောင်းဖူးထမင်းကြော်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 20 September 2018 10:11
Rate this item
(2 votes)