Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကွေ့တီယို

သင်္ကြန်ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး ထိုင်းအစားအစာကြိုက်နှစ်သက်သူများအတွက် ထိုင်းစတိုင် ကွေ့တီယိုပြုလုပ်နည်းလေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ရိုး၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ သကြား၊ ဆား၊ ပဲငံပြာရည်အနောက်၊ ကြက်သားမှုန့်၊ မုန်လာဥဖြူ၊ ဆန်ပြားခေါက်ဆွဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ ကြက်သားလုံး၊ ငါးဖယ်လုံး၊ ဆီချက်၊ ငရုတ်သီးမှုန့်၊ မြေပဲ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်ရိုးကို ရေဆေးသန့်စင်ထားပါ။


ပြီးလျှင် ဒယ်အိုးထဲသို့ ကြက်ရိုးကို ရေမြုပ်အောင်ထည့်ကာ မုန်လာဥ၊ ဆား၊ သကြား၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အနောက်တို့ကို ထည့်၍ ကြက်ရိုးနူးသွားသည်အထိ မိနစ် ၂၀ ခန့် ပြုတ်ထားပါ။


ပြီးနောက် ကန်စွန်းရွက်၊ ကြက်သားလုံး၊ ငါးဖယ်လုံးတို့ကို ငါးမိနစ်ခန့်ပြုတ်ထားပါ။


ပြီးလျှင် ဆန်ပြားခေါက်ဆွဲကို မိနစ်အနည်းငယ်ခန့်ပြုတ်ပြီး ရေစစ်ထားပါ။


ပြီးနောက် ဇလုံ တစ်ခုထဲသို့ ရေစစ်ထားသော ခေါက်ဆွဲ၊ ပြုတ်ထားသော အသားလုံးများ၊ ကြက်သားပြုတ်ရည်၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ မြေပဲ၊ ဆီချက်၊ ငရုတ်သီးမှုန့်တို့ကို ထည့်၍ သမအောင် နယ်ပေးပါ။

 

ပြီးရင်တော့ အရသာအလွန်ရှိတဲ့ ထိုင်းစတိုင် ကွေ့တီယိုကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 11 April 2019 11:41
Rate this item
(1 Vote)