Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ပင်စိမ်းဝက်သားထမင်းကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားစရာမလိုဘဲ

အိမ်တွင်လည်း ပြုလုပ်နိုင်တဲ့ ထိုင်းစတိုင် ပင်စိမ်းဝက်သားထမင်းကြော်နည်း အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ထမင်း၊ ၀က်သား၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ငရုတ်ပွ၊ ကြာညို့၊ ပဲငံပြာရည်၊ ဆီ၊ ကြက်ဥ တို့ လိုအပ်ပါတယ်။

 

အရင်ဆုံး ဝက်သားကို ပါးပါးလှီးပြီး ကျက်အောင်ပြုထတ်ထားပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ရောထောင်းထားပါ။ ငရုတ်ပွတွေကို နှစ်ခြမ်းခွဲပြီး လှီးထားပါ။

 

ကြက်ဥကို မွှေပြီးကြော်ထားပါ။ ပြီးလျှင် ဒယ်အိုးထဲဆီထည့် မီးဖိုပေါ်တင်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းရောထောင်းထားတာကိုထည့်ပြီး ဆီသတ်ပါ။

 

အနံ့မွှေးလာလျှင် ၀က်သားထည့်ပြီး မိနစ်အနည်းငယ်မွှေပေးပါ။ ပြီးရင် ထမင်းထည့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ကြာညို့နှင့် ပဲငံပြာရည်ကိုထည့်ပြီး ရောမွှေပေးပြီး ကြော်ပါ။ ပြီးနောက် ငရုတ်ပွကိုထည့်လိုက်ပါ။

 

နောက်ဆုံးတွင် ပင်စိမ်းရွက်ကိုချွေထည့်ပြီး အရွက်များနွမ်းလာသည်အထိကြော်ပေးပါ။ ပင်စိမ်းအနံ့မွှေးလာပြီး အရွက်များနွမ်းလာလျှင် မီးဖိုပေါ်မှချလိုက်ပါ။

 

ပြီးလျှင် ပန်းကန်တစ်ချပ်ထဲသို့ ထိုင်းစတိုင်ပင်စိမ်းဝက်သားထမင်းကြော်အစပ် မွှေးမွှေးလေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 13 September 2018 17:57
Rate this item
(1 Vote)