Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားကင်အစပ်သုပ်

ကြက်သားကင်အစပ်သုပ် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကြက်သားကင်ချည်းပဲ ဒီအတိုင်းမစားချင်သူများအတွက်

ကြက်သားကင် အစပ်သုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်ကင်၊ ကြက်သွန်မြိတ်၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ဆား၊ ငံပြာရည်၊ ရှာလကာရည်၊ သံပရာရည်၊ သကြား၊ ငရုတ်သီးအနီတောင့်၊ မြေပဲတို့ လိုအပ်ပါမယ်။

 

အချဉ်ရည်အတွက် မြေပဲမှလွဲ၍ ပါဝင်ပစ္စည်းများအားလုံးကို အိုးထဲထည့်ပြီး ဆူလာအောင် မီးအနေတော်ဖြင့် တည်ပေးပါ။ ဆူလာလျှင် မီးပိတ်ပြီး မြေပဲထည့်မွှေပေးပါ။

 

ကြက်သားကို အသားလွှာပြီး ပန်းကန်လုံးတစ်ခုထဲထည့်ထားပါ။ ပြီးလျှင် အိုးထဲမှ အချဉ်ရည်ကို လောင်းထည့်ပြီး သမအောင်မွှေပေးပါ။ ကြက်သွန်မြိတ်ထည့်ပြီး ထပ်မွှေပေးပါ။ အပေါ့အငန်မြည်းကြည့်ပါ။

 

ပြီးနောက် ပန်းကန်ပြားတစ်ချပ်ထဲတွင် ဆလတ်ရွက်၊ ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီးအလွှာများခင်း၍ ကြက်သားသုပ်ထည့်ပြီး အသင့် သုံးဆောင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 17:58
Rate this item
(1 Vote)