Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပပို့ကုန် ထိုင်းဆန် ဈေးနှုန်းအရ မယှဉ်သာ

ပြည်ပပို့ကုန်  ထိုင်းဆန်  ဈေးနှုန်းအရ မယှဉ်သာ 

ယူကရိန်းကို ရုရှားကျူးကျော်ဝင်ရောက်မှုကြောင့် ဂျုံနှင့်ပြောင်းဈေးနှုန်းများ မြင့်တက်လာခြင်းသည် ကမ္ဘာတစ်ဝှမ်းရှိ စားသုံးသူများကို ထိခိုက်စေပါတယ်။ 

 

ဖိလစ်ပိုင်မှာ မုန့်ဖုတ်ဆိုင် Matimyas Bakery, က မုန့်ကို ဖုတ်နေကျ အရွယ်အစားထက် ပိုသေးပြီး ထုတ်လုပ်ပါတယ်။ ယခင်တုန်းက မုန့်တစ်ခု ၃၅ ဂရမ်ဖြင့် ထုတ်လုပ်ခဲ့ပြီး ယခုအခါ ၂၅ ဂရမ်ဖြင့် ထုတ်လုပ်ရပါတယ်။ အရင်အတိုင်း ၃၅ ဂရမ်ဖြင့် မုန့်ဖုတ်ရင် ရောင်းဈေးကို အနည်းဆုံး ပီဆို ၂.၅၀ ဈေးတက်ရမှာမို့ အရွယ်အစားလျှော့ချပြီး ယခင်ဈေးနှုန်းဖြင့် ရောင်းချပါတယ်။ 

 

bakery_090980890.png

 

ဆန်တင်ပို့တဲ့ အာရှနိုင်ငံတွေမှာတော့ နောက်ထပ် ပြဿနာတစ်မျိုး ရှိနေပြန်ပါတယ်။ ဆန်ပို့ကုန် ဝင်ငွေ ကျဆင်းတဲ့အထိ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိနေတဲ့ ဆန်ပိုလျှံနေခြင်း ဖြစ်ပါတယ်။ 

 

အာရှရဲ့ စပါးစိုက် လယ်မြေများထဲမှာ ထိုင်းနိုင်ငံမှာ ရာသီဥတု မျက်နှာသာပေးတာကြောင့် မျှော်မှန်းထားတာထက် စပါးများ ပိုမို ထွက်ရှိပါတယ်။ ပြည်ပတင်ပို့ဖို့ တောင်ပုံယာပုံ ဖြစ်နေတဲ့ ဆန်တွေအတွက် ဝယ်လက်တွေကို ရှာဖွေနေကြပါတယ်။ အန္ဒိယဆန်နှင့် ပါကစ္စတန်ဆန်တို့က ဈေးပိုနိမ့်နေတာကို ထိုင်းဆန်က ယှဉ်ပြိုင်နေရပါတယ်။

ယူကရိန်းမှ ဂျုံများ မတင်ပို့နိုင်တာကြောင့် ကမ္ဘာ့ဈေးကွက်ထဲမှာ ဂျုံဈေး ပြောင်းဈေး ၄၀%ကျော် မြင့်တက်နေချိန်မှာ ဆန်ဈေးက လျော့ကျနေပါတယ်။ နိုင်ငံသုံးငွေ အမေရိကန်ဒေါ်လာနှင့် ငွေလဲနှုန်းမှာ တန်ဖိုးကျတာကြောင့်လည်း ပြည်ပပို့ဆန် ဈေးနှုန်းများ ကျဆင်းစေပါတယ်။ 

 

အိန္ဒိယနိုင်ငံက ဂျုံတင်ပို့မှုကို ပိတ်ပင်ထားပြီး ဆန်တင်ပို့မှုကို ခွင့်ပြုထားပါတယ်။ ကမ္ဘာ့ဆန်ဈေးကွက်ထဲ စီးဝင်တဲ့ ဆန်တန်ချိန် စုစုပေါင်းရဲ့ ထက်ဝက်နီးပါးဟာ အိန္ဒိယဆန်များ ဖြစ်ပါတယ်။ 

 

အိန္ဒိယဆန် ပြည်ပပို့ကုန် ခေါ်ဈေးက တစ်တန် US$343 အထိ နိမ့်ဆင်းပါတယ်။ ပါကစ္စတန်ဆန်က တစ်တန် US$388 ဝန်းကျင် ခေါ်ဈေး ရှိပြီး ဗီယက်နမ်ဆန်က တစ်တန် US$418 ဝန်းကျင် ဖြစ်ပါတယ်။ ထိုင်းဆန်က US$420 ဝန်းကျင် ဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့် နှိုင်းယှဉ်ကြည့်ရင် ထုတ်လုပ်မှု စရိတ်မြင့်မားလို့ ရောင်းဈေးလည်း မြင့်နေတဲ့ ထိုင်းဆန်က အိန္ဒိယဆန်ထက် တစ်တန် US$80 မြင့်ပါတယ်။ 

 

 ထိုင်းဆန် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ခြင်းမရှိကြောင်း  ထိုင်းဆန် ပို့ကုန်လုပ်ငန်းရှင်များအသင်း Thai Rice Exporters Association ဥက္ကဋ္ဌ Charoen Laothamatas က ပြောကြားပါတယ်။ 

 

“ဆန်ဈေးတွေ ဘယ်လောက်ထိ ကျဆင်းသွားမလဲဆိုတာ မသိနိုင်တဲ့အတွက် နောက်ထပ်  ဒုက္ခကြုံရမယ့် နှစ်တစ်နှစ်ဖြစ်မှာပါ” ဟု  ဆန်ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားပါတယ်။ 

 

ထိုင်းဆန် ရိတ်သိမ်းချိန်က အောက်တိုဘာလမှာ ဖြစ်ပြီး စပါးတန်ချိန် ၁၄ သန်း ဝန်းကျင် ထွက်ရှိမှာ ဖြစ်ပါတယ်။ 

 

#MyanmarFoodIndustryGuide
Telegram Channel
https://t.me/Guid4U

Source: freemalaysiatoday

Read times
Rate this item
(0 votes)