Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ဂဏန်းလက်မ သင်္ဘောသီးထောင်းပြုလုပ်နည်း


ပင်လယ်စာနဲ့  ဂဏန်းကြိုက်သူတွေအတွက် အရမ်းကို အရသာရှိတဲ့ သင်္ဘောသီးထောင်းပါ။ ဂဏန်းအစိမ်းထည့်ရင် ပုစွန်အစိမ်းသုပ်လိုပဲ အရသာရပါတယ်။

အောက်တွင် ဂဏန်းလက်မ သင်္ဘောသီးထောင်း ပြုလုပ်နည်းကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ သင်္ဘောသီး၊ မုန်လာဥနီ၊ ဂဏန်းလက်မ၊ ပဲတောင့်ရှည်၊ ခရမ်းချဉ်သီး၊ သံပရာသီး၊ ကန်စွန်းအရိုးနီ၊ ဆား၊ ငါးငံပြာရည်၊  ထန်းလျက်ခဲ၊ ပုစွန်ခြောက်၊ မြေပဲ၊ ငရုတ်သီးစိမ်း၊ ငရုတ်နီတောင့်၊ ကြက်သွန်ဖြူတို့လိုအပ်ပါမယ်။

 


ပထမဦးဆုံး ဂဏန်း တစ်ကောင်ကို ရေ သေချာဆေးကြောပြီး ပြူတ်ထားပါ။ ပြီးလျှင် စားလို့ အဆင်ပြေရုံ ထုထောင်းထားပါ။

 

သုပ်တဲ့အထဲ အစိမ်းကြိုက်တတ်ရင် ပြုတ်စရာမလိုပါ။ ဂဏန်းက လတ်ဆတ်ဖို့ တော့လိုပါတယ်။

 

သင်္ဘောသီးကို ခြစ်ထားပါ။ ကျွတ်ကျွတ်လေးနဲ့ တောင့်တောင့်လေး စားချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ အမျှင် သေးသေးလေးဖြစ်အောင် လှီးထားပါ။

 

သင်္ဘောသီးမျှင်တွေကို ရေခဲရေစိမ်ထား သို့ မဟုတ် ရေခဲသေတ္တာထဲ ၁နာရီလောက်ထည့်ထားပါ။ ပွဲပြင်ဆင်တော့မယ်ဆို ငရုတ်ဆုံထဲ ထန်းလျက်ခဲတွေကြေအောင်အရင်ထောင်းပါ။

 

ပြီးနောက်ဖယ်ထားပါ။ နောက်မှ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနှင့် အနီတောင့်တွေကို မညက်တညက်လေး ထောင်းထားပါ။

 

သံပရာသီးကို အူတိုင်ထုတ်၊ ၃ စိတ်လှီးပြီး အရည်ရော သံပရာသီး အခွံတွေပါ ထည့်ထောင်းပါ။

 

စောနက ဖယ်ထားတဲ့ ထန်းလျက်ခဲအကြေတွေထည့်ပါ။ ထုထားတဲ့ ဂဏန်းတွေကို ထည့်ပါ။ သံပရာရည်နဲ့ သမအောင်မွှေပေးခြင်းဖြင့် အသားတွေကျက်ပါလိမ့်မယ်။

 

ပဲတောင့်ရှည်ကို လက်တစ်ဆစ်ခန့် ဖဲ့ခြွေ၊ ခရမ်းချဉ်သီးကို ခပ်ကြမ်းကြမ်းလှီးထည့်ပါ။ ပုစွန်ခြောက်ထည့်ပါ။

 

လက်တစ်ဘက်က ဇွန်းကိုင်၊ တစ်ဘက်က ကျည်ပွေ့ကိုင်ပြီး အားလုံးကို ထောင်းထားပါ။ ပြီးလျှင်  ခြစ်ထားတဲ့ သင်္ဘောသီးနဲ့ မုန်လာဥနီတွေ ထည့်ပြီး သမသွားအောင် ထောင်းပေးပါ။

 

အကုန်လုံး နှံ့ပြီဆိုရင် အပေါ့အငန်မြည်းကြည့်ပါ။ အပေါ့အငန် လိုချင်တဲ့ အတိုင်း ဆား၊ ငါးငံပြာရည်၊ ဟင်းခတ်မှုန့်တို့ကို နှစ်သက်သလိုထည့်ပါ။

 

နောက်ဆုံးမှ မြေပဲဆားလှော် အခွံချွတ် ထားတာလေးတွေ ဖြူးထည့်ပါ။ ပြီးနောက် ရေခဲစိမ် ထားတဲ့ ကန်စွန်း ရိုးနီ၊ ပဲတောင့်ရှည်၊ ဂေါ်ဖီထုပ် လတ်လတ် ဆတ်ဆတ် လေးတွေနဲ့ တွဲဖက် စားသုံး ကြည့်ရင် အရသာထူးတဲ့ ဂဏန်း သင်္ဘောသီး ထောင်း စစ်စစ်ကို သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Saturday, 13 October 2018 11:24
Rate this item
(0 votes)