Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဆန်ဈေးကွက်များ အခြေအနေ

၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ဆန်ဈေးကွက်များ အခြေအနေ

 

TO GET INSTANT UPDATE 
Join Telegram Channel

https://t.me/Guid4U

 

 

အိန္ဒိယဆန်ဈေးနှုန်းများ (တစ်ကီလို/ဒေါ်လာ၊ Masoori အမျိုးအစား)

.

ကမ္ဘာပေါ်တွင် ဆန်အဓိကတင်ပို့သည့် အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုအပေါ် အကောက်ခွန် (၂၀) ရာခိုင်နှုန်း ကောက်ခံမည်ဖြစ်ကြောင်းနှင့် ဆန်ကွဲတင်ပို့မှုကို လုံးဝတားမြစ် ကြောင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ၌ ကြေညာခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ အဓိကဆန်ထုတ်လုပ်သည့်ဒေသများ၌ မိုးနည်းပါးခဲ့မှုကြောင့်  ဆန်ထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် (၅.၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ ဈေးနှုန်းမှာမူ စက်တင်ဘာလအတွင်း (၂၀) ရာခိုင်နှုန်း မြင့် တက်ခဲ့ပါသည်။ အိန္ဒိယမှ အဓိကဆန်တင်ပို့နေသည့် တရုတ်နှင့် အာဖရိကနိုင်ငံများမှာ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်စသည့်နိုင်ငံများမှ ပြောင်းလဲတင်သွင်းနေကြပါသည်။ 

.

ဗီယက်နမ်ဆန်ဈေးနှုန်းများ (တစ်ကီလို/ဒေါ်လာ၊ စံပယ်ဆန်အမျိုးအစား)

 

အိန္ဒိယနိုင်ငံက ၎င်း၏ဆန်တင်ပို့မှုအပေါ် ကန့်သတ်မှုများ ပြုလုပ်ကြောင်း ကြေငြာချက် ထုတ်ပြန်ပြီးနောက် ဗီယက်နမ်မှ  တင်ပို့သည့်ဆန်ဈေးနှုန်းမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ (၃၀) မြင့်တက်ခဲ့ပါသည်။ ယခုနှစ် ပထမ (၇) လအတွင်း ဗီယက်နမ်မှ ဆန်တင်ပို့မှု ပမာဏမှာ မက်ထရစ်တန်ချိန် (၄)သန်း ရှိခဲ့ပါသည်။ ဗီယက်နမ်မှ တင်ပို့သော ဆန်အမျိုးအစားမှာ ကောက်ညှင်းဆန်နှင့် ရနံ့မွှေးဆန်များ ဖြစ်ကြပါသည်။ 

စက်တင်ဘာလအတွင်း ဗီယက်နမ်ဆန် တစ်ကီလိုဂရမ်၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၀.၂၈) ဒေါ်လာ ရှိခဲ့ပါသည်။ ယခုနှစ်၊ ဇန်နဝါရီ လမှ  ဩဂုတ်လ ၂၂ ရက်နေ့အတွင်း ဗီယက်နမ်မှ  ဖိလစ်ပိုင်သို့ ဆန်မက်ထရစ် တန်ချိန် (၂.၄) သန်း တင်ပို့ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ (၁)  ဘီလီယံရရှိခဲ့ပါသည်။ ယင်းပမာဏမှာ ယခင်နှစ် အလားတူကာလကထက် (၄၇)  ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ ဆန်ဒုတိယအများဆုံးတင်သွင်းခဲ့သော နိုင်ငံဖြစ်ပါသည်။

.

တရုတ်ဆန်ဈေးနှုန်းများ (တစ်ကီလို/ဒေါ်လာ၊ ဆန်လုံးတို အမျိုးအစား)

       .

 ၂၀၂၁ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်သွင်းခဲ့သော နိုင်ငံဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ (၂.၂၅) ဘီလီယံတန်ဖိုးရှိ၊ ဆန်မက်ထရစ်တန်ချိန် (၄) သန်း တင် သွင်းခဲ့ပါသည်။ ၎င်းကာလအတွင်း ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှတင်သွင်းခဲ့မှုမှာ (၄၆.၅) ရာခိုင်နှုန်း ခန့် ရှိပါသည်။ ယခုနှစ်၊ စက်တင်ဘာလအတွင်း တရုတ်ပြည်တွင်း ပျမ်းမျှလက်ကားဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၀.၇၅) ဒေါ်လာဖြစ်ပါသည်။ တရုတ်နိုင်ငံ၌ ရာသီဥတု အခြေအနေ ဆိုးရွားမှုကြောင့် ယခုနှစ်အထွက်နှုန်း၌ (၁၀) ရာခိုင်နှုန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရပါသည်။

Source Market Information Service- DOP- MOALI

#FoodIndustryGuide

Join Telegram Channel  

https://t.me/Guid4U

 

 အဖွားရဲ့ ကလေးတွေပေါ့ သားရဲ့

 

 

FIG

 

Read times Last modified on Monday, 03 October 2022 17:55
Rate this item
(0 votes)