Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ချိုစပ် ကြက်အူချောင်းနဲ့ သခွားသီးသုပ်

ဒီကနေ့မှာတော့ ကြက်အူချောင်းကို ပုံစံတစ်မျိုးဖြစ်အောင် လွယ်လင့်တကူလည်း ပြုလုပ်နိုင်တဲ့ ကြက်အူချောင်းနဲ့

သခွားသီးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်အူချောင်း၊ သခွားသီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပရာရည်၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့််၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ဒယ်အိုးထဲဆီထည့်ပြီ ကြက်အူချောင်းများကို ကျက်သည်အထိ မိနစ်အနည်းငယ်ခန့် ကြော်ပေးပါ။

 

ပြီးလျှင် ကြက်အူချောင်းများကို ဓားဖြင့် အပါးအစောင်းလေးများဖြစ်အောင် လှီးဖြတ်ပေးထားပါ။ သခွားသီးနဲ့ ကြက်သွန်နီတို့ကိုလည်း အခွံနွှာပြီး လှီးဖြတ်ပေးထားပါ။

 

ပြီးနောက် ပန်းကန်လုံးတစ်လုံးတွင် ဆော့စ်ရည်ဖျော်ဖို့အတွက် သံပရာရည်၊ ပဲငံပြာရည်၊ သကြား၊ ငရုတ်သီးစိမ်း တို့ကို ဟင်းခတ်မှုန့်ထည့်ပြီး အရည်ပျော်သည်အထိ ရောမွှေထားပါ။

 

ပြီးရင်တော့ ဇလုံတစ်လုံးထဲ ကြက်အူချောင်း၊ သခွာသီး၊ ကြက်သွန်နီ တို့ကို ရောမွှေပြီး အပေါ်မှ ဆော့စ်ရည်ကို လောင်းထည့်ပြီး သုပ်လိုက်ပါ။

 

နောက်ဆုံးတွင်တော့ အရသာရှိတဲ့ ချိုစပ် ကြက်အူချောင်းနှင့် သခွာသီးသုပ်ကို တည်ခင်းသုံးဆောင် နိုင်ပါပြီ။

Read times Last modified on Thursday, 08 November 2018 09:14
Rate this item
(2 votes)