Thiland



ထိုင်းသကြား အထွက် လျော့ကျမည် မျှော်မှန်းထားသည်ထက် ပိုလျော့ကျ

ထိုင်းသကြား အထွက် လျော့ကျမည် မျှော်မှန်းထားသည်ထက် ပိုလျော့ကျ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ထိုင်းနိုင်ငံ၏ သကြားအထွက်နှုန်းမှာ ခြောက်သွေ့သော ရာသီဥတုဒဏ်ကြောင့် ယခုကြံရာသီတွင် လျော့ကျမည်ဟု မျှော်မှန်းထားသည်ထက်ပင် နည်းပါးနေသည်။

စက်တင်ဘာလတွင် ခန့်မှန်းခဲ့ရာ၌ သကြား တန်ချိန် ၉ သန်း ထွက်မည်ဟု ခန့်မှန်းခဲ့သည် နိုဝင်ဘာလတွင် တန်ချိန် ၇ သန်းမှ ၈ သန်းအထိ ထွက်မည်ဟု ခန့်မှန်းခဲ့ပြီး ယခုအခါ တန်ချိန် ၇ သန်းမှ ၇.၅ သန်းအထိ ထွက်မည်ဟု လျှော့ချ ခန့်မှန်းထားပါသည်။ 

 

ကမ္ဘာ့သကြားဈေးကွက်ထဲ ကမ္ဘာ့တတိယအများဆုံး သကြားထုတ်လုပ်သည့် ထိုင်းသကြား စီးဝင်မှု လျော့နည်းမည် ဖြစ်သဖြင့် သကြား ကြိုပွိုင့်အရောင်း ဈေးနှုန်းများ ထပ်မံမြင့်တက်သွားနိုင်သည်။

 


 

ထိုင်းသကြား အထွက်နည်းမည်ဖြစ်သဖြင့် ကမ္ဘာ့ သကြားဈေး မြင့်တက်မည်

https://www.foodindustrydirectory.com.mm/food-industry/cuisine/thinland/item/7162-sugar.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

 


 ၂၀၂၃-၂၄ သကြားထွက်မည့်ပမာဏကို တန်ချိန် ၅ သိန်း လျှော့ချပြီး တန်ချိန် ၇ သန်းခွဲ ထွက်မည်ဟု ခန့်မှန်းထားသည်ဟု Thai Sugar Millers Corp မှ ဒါရိုက်တာ Rangsit Hiangrat က ပြောကြားသည်။

"ကြံတွေ ကြီးထွားဖို့ ရေလိုအပ်နေတဲ့အချိန်မှာ မိုးက မရွာဘူး။ မိုးနောက်ကျခဲ့တယ်။ ကြံပင်တွေက လှီနေပြီ။ မိုးရွာတာ အကြောင်းမထူးတော့ဘူး"ဟု  Mr Rangsit က ပြောကြားသည်။ 

 

သကြားထွက်သည့်ပမာဏသည့် ၁၃ နှစ်တာအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိမည် ဖြစ်သည်။

ယခုကြံရာသီ စတင်သည့် ဒီဇင်ဘာလ ၁၀ ရက်မှ စ၍ ထိုင်းသကြားစက်များသည် ကြံ တန်ချိန် ၄၉.၅၇ သန်း ကြိတ်ပြီး သကြား ၄.၉ သန်း ထုတ်လုပ်သည်ဟု ကြံနှင့် သကြား ဘုတ်အဖွဲ့ရုံးမှ ပြောကြားသည်။ 

ကြံမှ သကြားရသည့် ရာခိုင်နှုန်းသည် ယခင်ကြံရာသီတွင် ၁၁.၈% ရှိခဲ့ပြီး ယခုရာသီတွင် ၉.၉% သာ ရှိသည်။ 

 

 ၂၀၂၂-၂၃ အထိ ပြီးခဲ့သည့် ၁၂ နှစ်တာအတွင်း ပျမ်းမျှအထွက်နှုန်းမှာ ကြံ တတန်လျှင် သကြား ကီလိုဂရမ် ၁၀၀ ကျော် ထွက်သည်။ သို့ဖြစ်ရာ ၁၀% ကျော် ရှိခဲ့သည်။ 

 

ထိုင်းသကြားစက်များသည် ယခုလနှင့် မတ်လတို့တွင် ကြံအကြိတ် ရပ်ကြမည် ဖြစ်သည်။ ယခင်နှစ်က ဧပြီလမှ ကြံကြိတ်ခြင်း အဆုံးသတ်သည်ဟု Mr Rangsit က ပြောကြားသည်။

 

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Wednesday, 07 February 2024 18:18
Rate this item
(0 votes)