Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင် ချဉ်ငံစပ် ကင်းမွန်ထောင်း

သင်္ကြန်ပိတ်ရက်မှာ မိသားဆုံတုန်းလေးပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဆုံတုန်းလေးပဲဖြစ်ဖြစ် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကင်းမွန်ထောင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကင်းမွန်ငါး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ သံပရာသီး၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီအနီ၊ နံနံပင်၊ ချင်း၊ ငါးပိစိမ်းစား၊ ထန်းလျက်၊ ကြက်သားမှုန့်၊ ယိုးဒယားငံပြာရည် တို့ လိုအပ်ပါမယ်။


ပထမဆုံး ကင်းမွန်ကို ကိုင်ပြီး ရေစင်စင်ဆေးထားပါ။ ပြီးလျှင် ကိုင်ပြီးသား ကင်းမွန်ကို ရေနွေးပွက်ပွက်ဆူတဲ့အိုးထဲကို ကင်းမွန်များကို ထည့်လိုက်ပါ။

 

ပြီးနောက် အညှီနံ့ပျောက်အောင် စပါးလင်၊ ချင်း၊ ကြက်သွန်ဖြူတို့ကိုထည့်လိုက်ပါ။


ပြီးလျှင် သုံးမိနစ်လောက်ပြုတ်ပြီးရင်တော့ ကင်းမွန်ကို ဆယ်ပြီး ရေအေးထဲတွင် ခဏစိမ်၍ အရွယ်တော်လေးတွေ လှီးဖြတ်ထားပါ။


ပြီးနောက် သခွားသီးကို ရေဆေး လှီးဖြတ်ပြီး ရေခဲစိမ်ထားပါ။

 

ပြီးလျှင် ငါးပိစိမ်းစားကို ဖုတ်ပြီး ရေနွေးလေးနဲ့ ဖျော်ထားပေးပါ။

 

ပြီးနောက် ထန်းလျက်ခဲကိုလည်း အရွယ်တော်လေးတွေဖြစ်အောင် ပိုင်းဖြတ်ထားပါ။


ပြီးရင်တော့ စထောင်းတော့မယ်ဆိုရင် ငရုတ်သီးစိမ်း၊ ငရုတ်သီးအနီတို့ကို ငရုတ်ဆုံထဲတွင် ညက်အောင်ထောင်းပါ။

 

 Read More >>>>>    ပထမဦးဆုံးအကြိမ် ဒူးရင်းသီးမုန့်လုံးရေပေါ်နဲ့ ဧည့်ခံမယ့် "သနပ်ခါးသင်္ကြန်ပွဲတော်"

 

ပြီးလျှင် ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ထန်းလျက်၊ ကြက်သားမှုန့်၊ ကင်းမွန် တို့ထည့်ပြီး ထောင်းပါ။


ပြီးနောက် အကုန်လုံး ညက်ပြီဆိုလျှင် နောက်ဆုံးတွင် ငါးပိဖျော်ထားတာ ထည့်လိုက်ပါ။

 

ပြီးလျှင် သံပရာသီးညှစ်ထည့်လိုက်ပါ။ ပြီးရင်တော့ ယိုးဒယားငံပြာရည်၊ သံပရာသီး၊ ကြက်သားမှုန့်ထည့်ပြီး စိတ်ကြိုက်အရသာ ရပြီဆိုရင်တော့ ကင်းမွန်ထောင်းကို ပန်းကန်ပြားသို့ထည့်ပြီး ဘေးမှ သခွားသီး၊ နံနံပင်လေးကို ပုံထားပြီးရင်တော့ ချဉ်ငံစပ် ကင်းမွန်ထောင်းကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Monday, 08 April 2019 11:41
Rate this item
(1 Vote)