Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင် ကျောက်ပွင့်သုပ်

ကျောက်ပွင့်ကို ပုံစံမျိုးစုံ လုပ်စားကြတဲ့အထဲက ယိုးဒယားစတိုင် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ အဆာပြေအဖြစ် စားနိုင်သလို ဟင်းတစ်ခွက်အနေနဲ့လည်း သုံးဆောင်နိုင်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကျောက်ပွင့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ယိုးဒယားငံပြာရည်၊ ဟင်းခတ်မှုန့်တို့ပါဝင်ပါမယ်။


ပထမဦးစွာ ကျောက်ပွင့်ကို ရေစိမ်ထားပါ။ ပြီးနောက်  ကြက်သွန်နီပါးပါးလှီး၊ ကြက်သွန်မြိတ်၊ တရုတ်နံနံကို လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။

 

ပြီးလျှင် ငရုတ်သီး၊ ကြက်သွန်ဖြူကို နုပ်နုပ်စိတ်ထားပါ။ ခရမ်းချဉ်သီးကိုလည်း အရှည်လိုက်လေးတွေ လှီးဖြတ်ထားပြီး အားလုံးကို ပန်းကန်တစ်ချပ်မှာ ထည့်ထားပါ။

 

ပြီးနောက်ဒယ်အိုးတစ်လုံးထဲကို ရေထည့်ပြီး ရေဆူအောင်တည်ထားပေးပါ။ ရေဆူလာလျှင် ကျောက်ပွင့်ကို နှစ်မိနစ်ခန့် ထည့်ပြုတ်ပါ။ ပြီးလျှင် အိုးကိုစောင်းပြီး ရေများကို သွန်ပစ်ပါ။ ပင်လယ်စာ ထည့်လိုပါက ကျောက်ပွင့်နှင့်အတူ ရောပြုတ်နိုင်ပါတယ်။

 

ပြီးရင်တော့ ပန်းကန်ထဲသို့ ပြင်ဆင်လှီးဖြတ်ထားသည်တို့ကိုထည့်ပြီး ငံပြာရည်၊ ဟင်းခတ်မှုန့်၊ သံပရာရည်တို့ကိုထည့်ပြီး သမအောင်မွှေပါ။

 

ပြီးလျှင် အရသာမြည်းကြည့်ပါ။ အရသာချိုချဉ်ငန်စပ်ရပါက ယိုးဒယားစတိုင်ကျောက်ပွင့်သုပ်နဲ့ ထမင်းပူပူနွေးနွေးတို့ဖြင့် မြိန်ယှက်စွာ  တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read 4839 times
Rate this item
(2 votes)