Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်အမဲသားစဉ်းကောသုပ်

အမဲသားကို ဒီအတိုင်းချည်းမစားဘဲ ကြိတ်ပြီး သုပ်စားရတာ ကြိုက်နှစ်သက်သူများအတွက် အမဲသားစဉ်းကောသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြိတ်ထားတဲ့ အမဲသား၊ ကြက်သွန်နီ၊ ငရုတ်သီးအကျက်မှုန့်၊ ပဲမှုန့်အကျက်မှုန့်၊ ငံပြာရည်၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဆီ၊ ပူစီနံရွက်၊ သံပရာရည်တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး အမဲသားကြိတ်သားများကို ဒယ်အိုးထဲမှာ ဆီ၊ သကြား၊ ဆား တို့နှင့် ဆီသတ်ပေးထားပါ။


အမဲသား အနံ့မွှေးပြီး အမဲသားကျက်ပြီဆိုလျှင် ဇလုံတစ်လုံးထဲ ထည့်ပြီး အအေးခံထားပါ။

 

အမဲသားအေးပြီဆိုလျှင် ကြက်သွန်နီ၊ ငရုတ်သီးမှုန့်၊ ပူဒီနံရွက်၊ ဆား၊ သကြား၊ ငံပြာရည်၊ သံပရာရည်၊ ပဲမှုန့်အကျက်မှုန့်တို့ကို ထည့်ပြီး သုပ်ပါ။

 

ပြီးလျှင် မြည်းကြည့်ပါ။ အရသာအနေတော် ရပြီဆိုလျှင်တော့ ထမင်းပူပူလေးနဲ့ ထိုင်းစတိုင် အမဲသားစဉ်းကောသုပ်လေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times
Rate this item
(0 votes)