Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင်လ် ပဲကြာဇံသုပ်

ယိုးဒယားစတိုင်လ် ပဲကြာဇံသုပ် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လုပ်စားလို့ရတဲ့ ယိုးဒယားစတိုင်လ် ပဲကြာဇံသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပဲကြာဇံ၊ ပုစွန်၊ အာလူး၊ ခရမ်းချဉ်သီး၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးမှုန့်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ သံပရာသီး၊ မြေပဲ၊ ပဲငံပြာရည်အကြည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပဲကြာဇံကို ရေနွေးဖျောလိုက်ပါ။ ပြီးလျှင် ပဲကြာဇံကို ပန်းကန်ခွက်တစ်ခုထဲထည့်လိုက်ပါ။ ပြီးနောက် ငရုတ်သီးစိမ်းကို ရေဆေးပြီး ထောင်းထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့်ထည့်ပြီး ငရုတ်ဆီသတ်ပေးပါ။

 

ဆီသပ်ထားသော ငရုတ်သီးအနှစ်များကို ပဲကြာဇံသုပ်ထဲသို့ ထည့်လိုက်ပါ။ ပြီးရင်တော့ ငရုတ်သီးစိမ်း၊ ပုစွန်၊ ခရမ်းချဉ်သီး၊ အာလူး၊ ပုစွန်ခြောက်၊ မြေပဲတို့ကို ထည့်ပြီး ရောမွှေပေးပါ။

 

အရသာ အပေါ့အငန်အတွက် ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်၊ သံပရာသီးတို့ကို ထည့်လိုက်ပါ။

 

ပြီးလျှင် အားလုံးရောမွှေလိုက်ပါ။ အရသာအနေတော်ရပြီဆိုလျှင်တော့ နံနံပင်၊ ကြက်သွန်မြိတ်တို့ကို အပေါ်ယံ တွင် ဖြူးလိုက်ပါ။

 

ပြီးရင်တော့ ယိုးဒယားစတိုင်လ် ပဲကြာဇံသုပ်လေးကို ဟင်းချို၊ ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင် လိုက်ရင်တော့ဖြင့် ထမင်းမြိန်စေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:33
Rate this item
(2 votes)