Thiland



ဆိုင်ဂုံ ဘီယာထုတ်လုပ်သူ Sabeco ဝင်ငွေ သုံးပုံတစ်ပုံ တိုး

ဆိုင်ဂုံ ဘီယာထုတ်လုပ်သူ Sabeco ဝင်ငွေ သုံးပုံတစ်ပုံ တိုး

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U

 

Saigon Beer ဘီယာထုတ်လုပ်သူ Sabeco သည် Covid-19 နှစ်နှစ်ကြာပြီးချိန်တွင် ဘီယာသောက်သုံးမှု ပြန်လည်မြင့်တက်လာသောကြောင့် ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်ဒေါင် ၃၅.၂၄ ထရီလီယံ (ကန်ဒေါ်လာ ၁.၅ ဘီလီယံ) ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်ထက် သုံးပုံတစ်ပုံ (၃၃%) ပိုများသည်။

Sabeco သည် ၂၀၂၂ တွင် အခွန်ဆောင်ပြီး အမြတ် ဗီယက်နမ်ဒေါင် ၅.၅ ထရီလီယံ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်ထက် ၄၀% ပိုများသည်။ ၂၀၁၇ ခုနှစ်တွင် ThaiBev က ဝယ်ယူခဲ့ပြီးသည့်နောက်တွင် အများဆုံး ဖြစ်သည်။

"ကုမ္ပဏီသည် ၎င်း၏ ထုတ်လုပ်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပြီး မြင့်မားသော သွင်းအားစု ကုန်ကျစရိတ်များကို လျှော့ချရန် ကုန်ကျစရိတ် သက်သာသော အစီအမံများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။"ဟု Sabeco က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

"အရောင်းမြှင့်တင်ရေးနှင့် စျေးကွက်ကမ်ပိန်းများ အများအပြား ဆောင်ရွက်ခဲ့ခြင်းကြောင့် ရောင်ူအားမြင့်တက်ခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Sweety Bras Panties Underwears

 

အရောင်းမြှင့်တင်ရေးနှင့် စျေးကွက်ကမ်ပိန်းများအတွက် ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်ဒေါင် ၃ ထရီလီယံ သုံးစွဲခဲ့သည်။ ကိုဗစ်အကြိုကာလ ၂၀၁၉ ခုနှစ်ထက် ၂ ဆ သုံးစွဲခဲ့သည်။

ThaiBev စီအီးအို Thapana Sirivadhanabhakdi က Sabeco သည် ၎င်း၏ "သရဖူရတနာ" ဖြစ်သည်ဟု ပြီးခဲ့သည့်နှစ်က ပြောကြားခဲ့သည်။

ထိုင်းကုမ္ပဏီသည် Sabeco ကို ရောင်းချမည်ဟု ကောလာဟလသတင်းများကို မဟုတ်မမ‌‌ှန်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်ဘီယာဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၂၆ ဘီလီယံ ရှိသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး ဘီယာဈေးကွက် ဖြစ်သည်။

အာရှတွင် တရုတ်နှင့် ဂျပန်ပြီးလျှင် တတိယနေရာ ရရှိထားသည်။

 

Source e.vnexpress

TO GET INSTANT UPDATE

Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 21 February 2023 10:18
Rate this item
(0 votes)