Thiland



ထိုင်းဆန် ဈေးနှုန်းများ လျော့ကျမည် ခန့်မှန်း

ထိုင်းဆန် ဈေးနှုန်းများ လျော့ကျမည် ခန့်မှန်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ယခုနှစ်နောက်ဆုံးနှစ်လတွင် ထိုင်းဆန်ဈေးသည် စပါးရိတ်သိမ်းပြီးချိန်တွင် ကျဆင်းသွားဖွယ်ရှိကြောင်း ကုန်သည်များက ပြောကြားကြသည်။

 

ထိုင်းဆန်တင်ပို့သူများအသင်းမှ အဆိုအရ ကန်ဒေါ်လာနှင့်ဘတ် ငွေလဲနှုန်းတွင် ဘတ် တန်ဖိုးကျနေသဖြင့် ကန်ဒေါ်လာဖြင့် တွက်ချက်ဖော်ပြသည့် ပို့ကုန်ဆန် ဈေးနှုန်းများ လျော့ကျမည် ဖြစ်သဖြင့် ဈေးနှုန်းအရ ထိုင်းဆန်သည် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေမည် ဖြစ်သည်။ 

 

အောက်တိုဘလ ၂၅ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပို့ကုန်ဆန် ဈေးနှုန်းများကို ကြည့်လျှင် ၅% ဆန်ကွဲပါ ထိုင်းဆန်ဖြူ တတန်လျှင် US$586  ခေါ်ဈေးရှိသည်။ ပါကစ္စတန်ဆန်ဖြူ ခေါ်ဈေး တတန် $563-567  ဖြစ်ပြီး ဗီယက်နမ်ဆန် တတန် $643-647  ရှိသည်။ 

 

ထိုင်းပေါင်းဆန် ခေါ်ဈေး တတန် $586 ရှိသည်။

အိန္ဒိယပေါင်းဆန် ခေါ်ဈေး တတန် $508-512 ရှိပြီး ပါကစ္စတန်ပေါင်းဆန် ခေါ်ဈေး တတန် $536-540 ရှိသည်။

 

အသင်းမှ ထုတ်ပြန်သည့် အချက်အလက်များအရ ထိုင်းဆန် အမျိုးမျိုး ဩဂုတ်လတွင် ၆၃၀,၅၆၇ တန် တင်ပို့ခဲ့ပြီး စုစုပေါင်း တန်ဖိုးမှာ ဘတ် ၁၂ ဘီလီယံ ဖြစ်ပါသည်။

စက်တင်ဘာလတွင် ၈၀၇,၇၇၆ တန် တင်ပို့ခဲ့သည်။ စုစုပေါင်း တန်ဖိုးမှာ ဘတ် ၁၇.၂ ဘီလီယံ ဖြစ်ပါသည်။ 

 

အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ ထိုင်းဆန် ဝယ်ယူနေကြသည်။ အာဖရိက၊ အမေရိကန်နှင့် အရှေ့အလယ်ပိုင်းဒေသတို့မှ  ပုံမှန်ဝယ်လက်များသည် ထိုင်းဆန် အမျိုးမျိုးကို အရှိန်အဟုန်တင်ပြီး ဝယ်ယူနေကြသည်။ 

 

ထိုင်းဆန် ဝယ်ယူသည့် နိုင်ငံအချို့တွင် အရန်ဆန် သုိလှောင်မှု လက်ကျန် လျော့နည်းနေခြင်း၊ ပွဲတော်ကာလများ ရှိနေခြင်းတို့ကြောင့် ဖြည့်တင်းပေးရန် ထိုင်းဆန်ကို အရှိန်အဟုန်တင်ပြီး ဝယ်ယူကြသည်ဟု အသင်းက ပြောကြားသည်။

အိန္ဒိယသည် ဆန်တင်ပို့မှုများအပေါ် ကန့်သတ်ပိတ်ပင်မှုများ ဆက်လက်ကျင့်သုံးနေဦးမည် ဖြစ်သဖြင့် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်အဝင် နည်းနေဦးမည် ဖြစ်သည်။ သို့ဖြစ်ရာ ထိုင်းအပါအဝင် ဆန်တင်ပို့သည့် နိုင်ငံများမှ ဆန်များ အရောင်းသွက်နေဦးမည် ဖြစ်သည်။

 

hom mali ထိုင်းဆန် စက်တင်ဘာလတွင် ၁၀၇,၆၇၈ တန် တင်ပို့ခဲ့ပြီး ဩဂုတ်လထက် ၀.၄% လျော့နည်းသည်။ အဓိကအားဖြင့် အမေရိကန်၊ ကနေဒါ၊ ဟောင်ကောင်၊ စင်ကာပူနှင့် တရုတ်တို့ထံတင်ပို့သည်။

 

စက်တင်ဘာလတွင် ဆန်ဖြူ တန်ချိန် ၃၄၉,၇၀၉ တင်ပို့ခဲ့သည်။ ဩဂုတ်လထက် ၇.၉% လျော့နည်းသည်။ အဓိကအားဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ အီရတ်၊ အန်ဂိုလာ၊ ဂျပန်၊ ဇင်ဘာဘွေနှင့် မိုဇမ်ဘစ်တို့ထံ တင်ပို့ခဲ့သည်။

 

ထိုင်းပေါင်းဆန် တင်ပို့မှုသည် စက်တင်ဘာလတွင် ၂၃၆,၁၂၀ တန် ရှိခဲ့ပြီး ဩဂုတ်လထက် ၁၉၁% ပိုများခဲ့သည်။ အဓိကအားဖြင့် တောင်အာဖရိက၊ ဘီနင်နှင့် ယီမင်တို့ထံ တင်ပို့သည်။

 

ဆန်တင်ပို့သူများတွင် အရောင်းအဝယ် သဘောတူထားပြီး မတင်ပို့ရသေးသည့် ဆန်များ တန်ချိန် များပြားနေခြင်းကြောင့် ဆန်တင်ပို့မှု ပမာဏသည် အောက်တိုဘာလတွင် တန်ချိန် ၈ သိန်းခန့် ရှိသည်ဟု အသင်းမှ ခန့်မှန်းထားသည်

 

အကောက်ခွန်ဦးစီးဌာန၏ အဆိုအရ ယခုနှစ် ပထမကိုးလအတွင်း ထိုင်းဆန် တင်ပို့မှု ပမာဏမှာ တန်ချိန် ၆ ဒသမ ၀၈ သန်းရှိပြီး တန်ဖိုး ဘတ် ၁၁၈ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၄၄ ဘီလီယံ) ရှိသည်။

 

ဆန်တင်ပို့မှုသည် ယခုနှစ်တွင် တန်ချိန် ၈ ဒသမ ၃ သန်းမှ ၈ ဒသမ ၅ သန်းအထိ ရှိမည်ဖြစ်ပြီး အသင်းမှ ရည်မှန်းထားသည်ထက် ကျော်လွန်နိုင်သည်ဟု အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ချိုကီယက်အိုဖာ့စ်က ပြောကြားသည်။

ဝယ်လိုအား အားကောင်းနေဆဲဖြစ်ပြီး အထူးသဖြင့် အင်ဒိုနီးရှားမှ အဝယ်လိုက်နေသည်ဟု ၎င်းက ဆိုသည်။

ထိုင်းဆန်ဈေးသည် ဗီယက်နမ်‌ဆန်နှင့် ယှဉ်လျှင် ကန်ဒေါ်လာ ၅၀ ခန့် သက်သာသည်အတွက် ရောင်းပန်းလှနေစေသည်။

 

အိန္ဒိယသည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့နှင့် အစိုးရချင်း သဘောတူညီချက်များ အရ ဆန်တင်ပို့မှု စတင်နေပြီဖြစ်သည်။

သို့ဖြစ်ရာ လာမည့်နှစ်အတွက် ထိုင်းဆန်တင်ပို့မှုသည် တန်ချိန် ၇ ဒသမ ၅ သန်းအထိ ကျဆင်းနိုင်မည်ဟု Mr Chookiat က မျှော်လင့်ထားသည်။

 

အဆိုပါ နိုင်ငံများသည်  ထိုင်းနှင့် ဗီယက်နမ် ပို့ကုန်ဆန်များအတွက် အရေးပါသဖြင့် ၎င်းတို့ထံ အိန္ဒိယမှ ဆန်တင်ပို့မှုသည် ထိုင်း၏ ပို့ကုန်ဆန် ဝေစုကို လျှော့ချနိုင်သည်ဟု ၎င်းက ဆိုသည်။

 

အိန္ဒိယသည် ၂၀၂၄ ခုနှစ် ဒုတိယနှစ်ဝက်ကျမှ ဆန်တင်ပို့မှု တိုးလာမည်ဟု ခန့်မှန်းထားကြောင်း Mr Chookist က ပြောကြားသည်။

 

အိန္ဒိယဆန်သည် ထိုင်းဆန်ထက် တတန်လျှင် $50 မှ $60 အထိ ဈေးသက်သာသည်။

ထိုင်းဆန်အတွက် အရေးပါသော ဝယ်လက်ဖြစ်သည့် အီရတ်သည် လာမည့်နှစ်တွင် ထိုင်းနိုင်ငံမှ ဝယ်ယူမှုကို လျှော့ချနိုင်ပြီး နိုင်ငံရေး အကြောင်းပြချက်များကြောင့် အမေရိကန်မှ တင်သွင်းမှု တိုးလာနိုင်ကြောင်း ၎င်းက ဆိုသည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Friday, 03 November 2023 10:24
Rate this item
(0 votes)