Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ယိုးဒယားစတိုင် ရွှေဖရုံသီးသာကူပေါင်း

အချိုပွဲတစ်မျိုးဖြစ်ပြီး စားလို့လည်းအရမ်းကောင်းတဲ့ ရွှေဖရုံသီးသာကူပေါင်းလေးကို လွယ်လင့်တကူပြုလုပ်နိုင်တဲ့အတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။  

ပါဝင်ပစ္စည်းများကတော့  ရွှေဖရုံသီး၊ အုန်းနို့ ၊ သကြား၊ ဆား၊ သာကူစေ့ တို့ လိုအပ်ပါမယ်။


ပထမဦးဆုံး ရွှေဖရုံသီးကို အခွံနွှာ၍ ရေဆေးသန့်စင်ပြီး အတုံးကြီးကြီး တုံးထားပါ။ သာကူစေ့ကို ရေဆေး၍ ရေနွေးပွက်ပွက်ဆူထဲ ထည့်ပြုတ်ပြီး အဆန်ပျောက်ပါက ရေဆေးပြီး ရေအေးစိမ်ထားပါ။

 

ပြီးနောက် အလှဆင်ဖို့အတွက် ဖရုံစေ့ကို ဖယ်ထုတ်ပြီး ရေဆေးကာ Oven မှာ အခြောက်ခံပြီး ကင်ထားပါ။ လှော်ပြီးသားသုံးလည်း ရပါတယ်။

 

ပြီးလျှင် အိုးတစ်အိုးထဲ ရေ၊ ဆားနှင့်သကြားတို့ကို ထည့်ပြီး ကျိုလိုက်ပါ။

 

ရေဆူပွက်လာပါက အုန်းနို့နှင့် ရွှေဖရုံသီးထည့်ပြီး မီးအေးအေးဖြင့် ၁၀ မိနစ်ခန့် ဖရုံသီး နူးလာအောင် တည်ထားပေးပါ။

 

တည်ထားစဉ် ဝေမကျစေရန် ဂရုပြုပါ။

 

ရွှေဖရုံသီးနူးပါက သာကူကိုရောထည့်လိုက်ပါ။ ပြီးလျှင် ပန်းကန်ထဲထည့်ပြီး အုန်းနို့ဆမ်း၍ ဖရုံစေ့လှော် ဖြူးပြီး နှစ်သက်သလို စိတ်ကြိုက် အချိုပွဲကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read 3593 times
Rate this item
(1 Vote)