Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ငှက်ပျောကြက်ဥမုန့်လက်ကောက်ကြော်

မုန့်လက်ကောက်ကြော်ကို လူတိုင်းစားဖူးကြပါတယ်။ ယခုတော့ အရင်မုန့်လက်ကောက်လုပ်နည်းနှင့်မတူတဲ့

ထိုင်းစတိုင် ငှက်ပျောကြက်ဥမုန့်လက်ကောက်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကောက်ညှင်းမှုန့်၊ ကြက်ဥ၊ ငှက်ပျောသီး၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကောက်ညှင်းမှုန့်၊ ကြက်ဥ၊ ငှက်ပျောသီး၊ ဆားနှင့် ဆီ အရောအနှောထဲ ရေကို အနည်းငယ်ထည့်ပြီးသေချာနှံ့အောင် မုန့်သားညက်အောင် မိနစ်အနည်းငယ်ခန့် နယ်ပေးထားပါ။

 

ကောက်ညှင်းမှုန့် အခြင်အတွယ် ကွယ်နိုင်တဲ့အတွက်ကြောင့် ထည့်ရမည့် ရေပမာဏ အနည်းငယ် အတိုး၊ အလျော့ ရှိနိုင်ပါတယ်။

 

နယ်သောအချိန်တွင် လက်တွင်အရမ်းကပ်နေသည်များကို ဇွန်းဖြင့်ခြစ်ချပြီး နယ်ပေးပါ။ မိနစ်အနည်းငယ်ခန့်နယ်ပြီးရင်တော့ မကပ်တော့ပါ။

 

မုန့်သားညက်အောင် နယ်ပြီး အဖုံးဖုံး၍ ကြော်သောအခါ အရမ်းမပေါက်အောင် ၅ နာရီခန့် နှပ်ထားရပါမယ်။

 

နှပ်ထားပြီး ကြော်မည့်အချိန်တွင် မုန့်သားကို မိနစ်အနည်းငယ်ခန့် ထပ်နယ်ပေးပါ။ ပြီးနောက် မုန့်ကို ခပ်ရှည်ရှည် အချောင်းလေးဖြစ်အောင် လှိမ့်ပေးပြီး အကွင်းလေးဖြစ်အောင် အနားစွန်းနှစ်ဖက်ကို ခပ်ဖွဖွကပ်ပေးပါ။ ကျန်သည့်မုန့်သားများကိုလည်း ထိုနည်းအတိုင်းပြုလုပ်ပေးပါ။

 

Read More >>>>> ကိုရီးယားအစားအစာ တော့ပိုကီပြုလုပ်နည်း

ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် မုန့်များကို အိုးမကြပ်အောင် ထည့်ပြီး ဟိုဖက်၊ ဒီဖက်လှန်၍ နှစ်မိနစ်ခန့် ကြော်ပြီး ရွှေဝါရောင်းသန်းလာအောင် ကြော်ပြီး ဆီစစ်၍ ဆယ်ထုတ်ပေးထားပါ။

 

ဆီစစ်ပြီးနောက် ထန်းလျက်ရည်အပျစ်အကြဲလေးနှင့် တွဲဖက်၍ အရသာရှိစွာ အသင့်သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 12:15
Rate this item
(7 votes)