Thiland



LMC Strengthening Dairy Innovation (SDI) Programme စီမံကိန်း သင်တန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနို့လုပ်ငန်းအသင်း အသိပေးကြေညာ

LMC Strengthening Dairy Innovation (SDI) Programme စီမံကိန်း သင်တန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနို့လုပ်ငန်းအသင်း အသိပေးကြေညာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်

မြန်မာနိုင်ငံနို့လုပ်ငန်းအသင်း

အသိပေးကြေညာချက်

 

လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ထိုင်းနိုင်ငံ Khon Kaen University က အကောင်အထည်ဖော် ဆောင်ရွက်မည့် LMC Strengthening Dairy Innovation (SDI) Programme စီမံကိန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ယင်းနှစ် ဒီဇင်ဘာလအထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အဆိုပါစီမံကိန်း အနေဖြင့် လန်ချန်း - မဲခေါင် မြစ်ဝှမ်းဒေသအတွင်းရှိ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံ များမှ နို့စားနွားမွေးမြူရေးနှင့် နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

 

စီမံကိန်းအရ 

(၁) သက်ဆိုင်ရာနိုင်ငံများမှ မွေးမြူရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ နို့စားနွားမွေးမြူသူများ၊ နို့ နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်သူများအား နည်းပညာသင်တန်းများ ပို့ချပေးခြင်း၊ 

 

(၂) နည်းပညာဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ 

 

(၃) မဲခေါင် - လန်ချန်းဒေသတွင်း နိုင်ငံများအကြား နို့စားနွားမွေးမြူရေးနှင့်၊ နို့ နှင့် နို့ ထွက်ပစ္စည်းထုတ်လုပ်ရေးဆိုင်ရာ ကွန်ယက် ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 

 

စီမံကိန်းအရ ဖွင့်လှစ်မည့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကို ၂၀၂၄ ခုနှစ် မေလ တွင် စတင်နိုင်ရန် ပြင်ဆင်ထားရှိကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများသို့ မြန်မာ နိုင်ငံမှ သင်တန်းသားများ စေလွှတ်နိုင်ရေးအတွက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံနို့လုပ်ငန်း အသင်းတို့က သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

 

သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသည့် နို့စားနွားမွေးမြူသူများ၊ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သူများအနေဖြင့် သင်တန်းသွားရောက်ရန်နိုင်ငံကူးလက်မှတ် အပါအဝင် အခြား လိုအပ်နိုင်သည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားနိုင်ပါရန် အသိပေးအပ်ပါသည်။

 [သင်တန်းသားခေါ်ယူချိန်တွင် နိုင်ငံကူးလက်မှတ် အခက်အခဲကြောင့် လျှောက်ထားနိုင်ခြင်း မရှိသည့် အခြေအနေမျိုး မဖြစ်ပေါ်စေရန်အတွက် ကြိုတင်အသိပေးထားခြင်းသာ ဖြစ်ပါသည်။ သင်တန်းလျှောက်လွှာ ခေါ်ယူခြင်း မဟုတ်သေးပါ။]

စီမံကိန်းမှ သင်တန်းသားများ ခေါ်ယူသည့်အခါ အချိန်နှင့်တပြေးညီ ထပ်မံ ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပါသည်။ လျှောက်လွှာများကို စီမံကိန်းတာဝန်ရှိသူများက ပြန်လည်စီစစ်ကာ သင်တန်းတက်ရောက်ခွင့် ရရှိသူ များကို ရွေးချယ်ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။ 

မြန်မာနိုင်ငံနို့လုပ်ငန်းအသင်း

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Saturday, 16 December 2023 13:25
Rate this item
(0 votes)