Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာဆန်ဈေးကွက်သို့ ပို့ကုန်ဆန်ဈေးနှုန်းမြှင်တင်ဖို့ ထိုင်းနှင့် ဗီယက်နမ် သဘောတူ

ကမ္ဘာဆန်ဈေးကွက်သို့ ပို့ကုန်ဆန်ဈေးနှုန်းမြှင်တင်ဖို့ ထိုင်းနှင့် ဗီယက်နမ် သဘောတူ

 

မျှတသောဆန်ဈေးနှုန်းကို ရရှိစေရန်အတွက် ကမ္ဘာ့ဆန်တင်ပို့မှုတွင် ပူးပေါင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ သဘောတူညီခဲ့ကြပါတယ်။

 

ထိုင်းနှင့် ဗီယက်နမ်တို့သည် လယ်သမားများအတွက် စရိတ်စကများ မြင့်တက်နေချိန်တွင် ကမ္ဘာ့ဈေးကွက်မှာ ပြည်တွင်းထွက် ပို့ကုန်ဆန်များ ဈေးနှုန်းမြှင့်တင်ရန် ရည်ရွယ်သည့် သဘောတူညီချက်တစ်ရပ်ကို ရှိရှိခဲ့ကြောင်း ထိုင်းအစိုးရက စနေနေ့ (စက်တင်ဘာလ ၃ရက်)တွင် ပြောကြားခဲ့သည်။

 

 ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းမြှင့်တင်ရေးအတွက်  ထိုင်းနှင့် ဗီယက်နမ်တို့က  ပထမ ဆုံးအကြိမ် သဘောတူခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမ ဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Alongkorn Ponlaboot က  ဗီယက်နမ် အရာရှိများနှင့် တွေ့ဆုံဆွေး နွေးပြီးနောက် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။  

 

ကမ္ဘာ့ဒုတိယအများဆုံး ဆန်တင်ပို့သည့် ဗီယက်နမ်နိုင်ငံနှင့်  ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့သည့် ထိုင်းနိုင်ငံတို့သည် ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများထိုက်သင့်သည့် ဈေးနှုန်းများသို့  မြင့်တက်မှု ရရှိစေရန်အတွက် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။

အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိ ပါက ကမ္ဘာ့ဈေးကွက်၏ တရားမျှတမှုမရှိသော ဆန်ဈေးကို လယ်သမားများက ဆက်လက်ရင်ဆိုင်နိုင်တော့မည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။ 

လက်ရှိတွင် ထိုင်းနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ဆန်တစ်တန်လျှင် ဘတ် ၇,၅၀၀ မှ ၈,၀၀၀ ကြားရှိပြီး လွန်ခဲ့သည့် ၂ နှစ်ခန့်က ဆန်တစ်တန်လျှင် ဘတ် ၄,၅၀၀ နှင့် ၅,၀၀၀ ကြားသာရှိခဲ့ကြောင်း ထိုင်းစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ပရာမုတ်ချန်ဆင်က ပြောသည်။ 

ဆန်စပါးစိုက်ပျိုးရေးကဏ္ဍတွင် အလုပ်သမားစရိတ် နည်းပါးသောကြောင့် ဗီယက်နမ်နိုင်ငံသည် ထိုင်းနိုင်ငံထက် ပိုမိုကောင်းမွန်သော အခြေအနေတွင် ရှိနေသည်ဟု ၎င်းက ဆိုသည်။

ဗီယက်နမ်၏ ဆန်တစ်တန် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ထိုင်းနိုင်ငံထက် အမေရိကန်ဒေါ်လာ ၁၀၀ (ဘတ် ၃၆၀၀ ခန့်) လျော့နည်းကြောင်း ၎င်းက ဆိုသည်။

 

ထိုင်းဆန်စက်များအသင်းဥက္ကဋ္ဌ Rangsan Sabaimuang သည် ပတ်သက်သူ အားလုံးအတွက် ပိုမိုမျှတသောစျေးနှုန်းများကို လိုလားသော်လည်း ကမ္ဘာ့ဆန်ဈေး မြှင့်တင်ရေး ကြိုးပမ်းမှုမှာ နောက်ဆုံးတွင် အောင်မြင်မည်လောဟု သံသယရှိနေသည်။

 

“မေးခွန်းကတော့  ရေနံတင်ပို့တဲ့နိုင်ငံတွေက ဘာကြောင့် OPEC (Organization of the Petroleum Exporting Countries) ကို  ဖွဲ့စည်းနိုင်သလဲ။ ဒါကို စံနမူနာအနေနဲ့ ယူချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ဆန်ဈေးကို ထိန်းညှိရန် ရေနံဈေးနှုန်းများကို ထိန်းပေးသည့် အိုပက်နှင့် ဆင်တူသော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် ရည်မှန်းထားရှိသင့်ကြောင်း ၎င်းက ပြောကြားသည်။  ထို့ရည်မှန်းချက်အတွက် ထိုင်း-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုသည်  ပထမဆုံးခြေလှမ်း ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

 

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဆန်စပါး စိုက်ပျိုးစရိတ်များ တက်လာသော်လည်း ဆန်ဈေးမှာ အချိုးကျ မြင့်တက်ခြင်း မရှိပေ။

 

“ဆန်နဲ့ လယ်ယာထွက်ကုန် တင်ပို့မှုမှာ ပြိုင်ဆိုင်မှု မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ "ပူးပေါင်းဆောင်ရွက်မှုကသာလျှင် စပါးစိုက်ပျိုးသူများ ရှင်သန်ရပ်တည်နိုင်ရန် ကူညီပေးပါလိမ့်မယ်။ စားနပ်ရိက္ခာဖူလုံမှုအတွက်  စပါးစိုက်ပျိုးသူများအတွက်လည်း တာဝန်ယူကြဖို့ လိုပါတယ်" ဟု ၎င်းက ပြောသည်။

ယမန်နှစ်က အိန္ဒိယသည် ဆန်တန်ချိန် ၁၉ ဒသမ ၅၅ သန်း တင်ပို့ခဲ့ပြီး ဆန်တင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်ခဲ့သည်။ 

 ဗီယက်နမ်က ဆန်တန်ချိန် ၆ ဒသမ ၂၄ သန်း နှင့် နှင့် ထိုင်းက ဆန်တန်ချိန် ၆ ဒသမ ၁၂ သန်း အသီးသီး တင်ပို့ခဲ့ကြောင်း Mr Alongkorn  က ပြောကြားသည်။

ထိုင်းနိုင်ငံသည် ယခုနှစ်အတွင်း ဆန်တန်ချိန် ၇ သန်း တင်ပို့ရန် ရည်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဘတ် ၇၀.၃၄ ဘီလီယံတန်ဖိုးရှိ ဆန်တန်ချိန် ၃.၉၉ သန်းခန့်ကို ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တင်ပို့ခဲ့သည်။

 

Source Bangkokpost

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)