Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


၁၈နှစ်တိုင်တိုင် ပိတ်ပင်တားမြစ်ထားတဲ့ ထိုင်းကြက်သား ဆော်ဒီအာရေဗျသို့ တင်ပို့ခွင့် ပြန်လည်ရရှိ

၁၈နှစ်တိုင်တိုင် ပိတ်ပင်တားမြစ်ထားတဲ့ ထိုင်းကြက်သား ဆော်ဒီအာရေဗျသို့ တင်ပို့ခွင့် ပြန်လည်ရရှိ


ထိုင်းနိုင်ငံမှ ကြက်သားစက်ရုံ ၁၁ ခုမှ အေးခဲကြက်သားတင်ပို့မှုကို ဆော်ဒီအာရေဗျနိုင်ငံက ၁၈နှစ်တိုင်တိုင် ပိတ်ပင်တားမြစ်ထားခဲ့ပြီး မတ်လ ၁၃ ရက်မှာ တင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြုလိုက်ပါတယ်။
ယမန်နှစ်က အဆိုပါ စက်ရုံများကို ဆော်ဒီအာရေဗျမှ တာဝန်ရှိသူများ လာရောက် စစ်ဆေးခဲ့ပြီး ယခုအခါ တင်ပို့ခွင့် ပိတ်ပင်ထားတာကို ရုပ်သိမ်းပေးလိုက်တာ ဖြစ်ပါတယ်။

ထိုင်းကုန်သွယ်ရေး ဝန်ကြီး Jurin Laksanawisit က "အခုလို ခွင့်ပြုလိုက်တာ အင်မတန် ကောင်းပါတယ်။ ထိုင်းနိုင်ငံအတွက်သာမက ကြက်သားလုပ်ငန်းကဏ္ဍတစ်ရပ်လုံးအတွက်ပါ ကောင်းမွန်တာ ဖြစ်ပါတယ်" လို့ မှတ်ချက်ပြုပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံက တစ်နှစ်လျှင် အအေးပေးကြက်သားနှင့် အေးခဲကြက်သား တန်ချိန် ၅၉၀,၀၀၀ တင်သွင်းပါတယ်။ ၇၀% ကို ဘရာဇီးနိုင်ငံမှ တင်သွင်းပြီး ကျန်တဲ့ ၃၀% ကို ယူကရိန်းနှင့် ပြင်သစ်နိုင်ငံတို့မှ တင်သွင်းပါတယ်။

ထိုင်းနိုင်ငံက ယမန်နှစ်က အအေးပေးကြက်သားနှင့် အေးခဲကြက်သား တန်ချိန် ၉၁၂ာ၉၀၀ တင်ပို့ခဲ့ပြီး တန်ဖိုး ဘတ် ၁၀၂.၅၂၉ ဘီလျံ ရှိပါတယ်။

ထိုင်းနိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံသို့ ၂၀၀၂ မှာ ဘတ် ၅၆.၉ သန်းဖိုး တင်ပို့ခဲ့ပြီး ၂၀၀၃ မှာ ဘတ် ၄.၈သန်းဖိုး တင်ပို့ခဲ့ပါတယ်။ နောက်နှစ်မှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာနေလို့ ကြက်သားတင်ပို့ခွင့် ပိတ်ပင်ခံခဲ့ရတာ ယခုအထိ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)