Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


အောက်တိုဘာလတွင် ဗီယက်နမ်ဆန် ဈေးနှုန်း ထိုင်းဆန် ဈေးနှုန်းထက် ပိုများခဲ့

အောက်တိုဘာလတွင် ဗီယက်နမ်ဆန် ဈေးနှုန်း ထိုင်းဆန် ဈေးနှုန်းထက် ပိုများခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန်က များသောအားဖြင့် ထိုင်းဆန်ထက် ဈေးချိုပါတယ်။ ၂၀၂၂ အောက်တိုဘာလမှာတော့ ထိုင်းဆန်ထက် ဈေးပိုကြီးနေခဲ့ပါတယ်။

၎င်းဗီယက်နမ်ဆန် တစ်တန် $425-430 ရရှိခဲ့ပါတယ်။ အလားတူ အိန္ဒိယဆန်ထက် $48-51 ဈေးပိုများပြီး အလားတူ ထိုင်းဆန်ထက် $18-25 ဈေးပိုများခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။

.

ယခုနှစ် ၂၀၂၂ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ဗီယက်နမ်နိုင်ငံမှ ဆန်မျိုးစုံ တန်ချိန် ခြောက်သန်းကျော် တင်ပို့ခဲ့ပါတယ်။ ယမန်နှစ်ထက် ၁၇% ပိုများပါတယ်။ 

စုစုပေါင်းတန်ဖိုး ကန်ဒေါ်လာ ၃ ဘီလီယံနီးပါး ရှိပါတယ်။ ယမန်နှစ်ထက် ၇% ပိုများပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများရဲ့ အဆိုအရ ဗီယက်နမ်ဆန်က ထိုင်းနိုင်ငံထက် ဈေးပိုမြင့်ခြင်းဟာ  ပထမဆုံးအကြိမ်မဟုတ်ကြောင်း သိရပါတယ်။ 

ဒါပေမဲ့ ထည့်စဉ်းစရာအချက်တစ်ချက်က ဗီယက်နမ်ဆန် ကုန်စည်အမှတ်တံဆိပ်များကို ကမ္ဘာ့ဆန်ဈေးကွက်ထဲမှာ လူသိ ပိုများလာနေခြင်း ဖြစ်ပါတယ်။

“ဗီယက်နမ်ဆန်မွှေးက ထိုင်းနိုင်ငံရဲ့နောက်မှာ ရှိနေသေးတယ်၊ဒါပေမဲ့ ဗီယက်နမ်ဆန်မွှေးက နိုင်ငံခြားမှ စားသုံးသူတွေအကြားမှာ ရေပန်းစားလာတယ်”လို့ Trung An Hi-tech Farming Joint Stock Company မှ အထွေထွေဒါရိုက်တာ Pham Thai Binh က ပြောကြားပါတယ်။ 

သူ့ကုမ္ပဏီက ဥရောပဈေးကွက်သို့ လစဉ် ဆန်ကွန်တိန်နာ အလုံးရေ ၃၀ ခန့် တင်ပို့နေပြီး တစ်တန်လျှင် ကန်ဒေါ်လာ ၇၀၀ မှ ၁,၂၅၀ ရရှိကြောင်း ၎င်းက ပြောကြားပါတယ်။

.

စိုက်ပျိုးရေးအင်ဂျင်နီယာ Ho Quang Cua မှတီထွင်သည့် ST24 နှင့် ST25 ဆန်မျိုးကွဲများအတွက် 'Gao Ong Cua Vietnam' အမှတ်တံဆိပ်ကို မကြာသေးမီက ဩစတြေးလျမှာ မှတ်ပုံတင်ခဲ့ပါတယ်။ 

.

ST25 က ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံးဆန်ပြိုင်ပွဲ World’s Best Rice Contest မှာ ပထမ ရရှိခဲ့ပြီး ST24 သည် ၂၀၁၇ ခုနှစ်တွင် ၎င်းပြိုင်ပွဲမှာ ဒုတိယရရှိခဲ့ပါတယ်။

Loc Troi Group က ကုန်စည်အမှတ်တံဆိပ် 'Com Vietnam Rice' ဖြင့် ဆန်ကို ပြင်သစ်နိုင်ငံရှိ စူပါမားကတ်ပေါင်း ၄,၀၀၀ တွင်  ရောင်းချနေပါတယ်။

ကမ္ဘာ့ ရာသီဥတုဖောက်ပြန်မှုနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု ကျဆင်းနေခြင်းကြောင့် လာမည့်သုံးနှစ်အတွင်း ဆန်တင်ပို့မှု ကြီးကြီးမားမား ဆက်လက်ရှိနေဦးမယ်လို့ ပြည်တွင်းကုမ္ပဏီများက တွက်ဆထားကြပါတယ်။

.

ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံးနိုင်ငံမှာ အိန္ဒိယဖြစ်ပြီး ထိုင်းက ဒုတိယနေရာ၊ ဗီယက်နမ်က တတိယနေရာမှာ ရှိပါတယ်။ 

ကမ္ဘာ့ဆန် တင်ပို့မှုရဲ့ ၇.၈% ကို ဗီယက်နမ်က တင်ပို့ပါတယ်။

ဗီယက်နမ်ဆန်ကို  ၂၈ နိုင်ငံသို့ တင်ပို့ပြီး အများစုမှာ ဥရောပနှင့် အာရှ ဖြစ်ပါတယ်။

Source vnexpress

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 02 November 2022 18:17
Rate this item
(0 votes)