Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကြက်သားအစာသွပ်မုန့်

ကလေးများနဲ့ လူကြီးများ ကြိုက်နှစ်သက်စေပြီး လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ထိုင်းစတိုင် ကြက်သားအစာသွပ်မုန့်လေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ငရုတ်ပွအနီ၊ ပူစီနံရွက်၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ သံပရာသီး၊ ဂျုံပြား၊ နှမ်းစေ့အဖြူရောင်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးပြီး လေးထောင့်အတုံးခပ်သေးသေးတုံးထားပေးပါ။

 

ပြီးလျှင် ချင်းနဲ့ ကြက်သွန်ဖြူကိုလည်း ပါးပါးလှီးထားပါ။

 

ပြီးနောက် စပါးလင်ကို အဝိုင်းလိုက်လှီးဖြတ်ပြီးခပ်သေးသေးဖြစ်အောင် လှီးဖြတ်ထားပါ။

 

ပြီးလျှင် ငရုတ်ပွအနီကိုလည်း အတုံးခပ်သေးသေးဖြစ်အောင် လှီးဖြတ်ထားပါ။ ပူစီနံရွက်ရွက်ကိုလည်း ခပ်ပါးပါးလှီးဖြတ်ထားပါ။

 

ပြီးရင်တော့ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ချင်း၊ ကြက်သွန်ဖြူ၊ စပါးလင်၊ ငရုတ်ပွနဲ့ ပူစီနံတို့ကို ရောထည့်လိုက်ပါ။

 

ပြီးလျှင် ယင်းပန်းကန်ထဲသို့ ငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ ငါးငံပြာရည်၊ ဂျုံမှုန့်၊ သံပရာသီးတို့ထည့်ကာ သမအောင် ရောမွှေပေးပါ။

 

ပြီးနောက် ကြက်သားအတုံးအသေးများထည့်ပြီး အချဉ်များ အသားထဲစိမ်ဝင်အေင် ရောမွှေပေးပါ။

 
 
ပြီးလျှင် အပေါ့အငန်အတွက် ဆားထည့်နယ်ပေါး။ ပြီးရင်တော့ ရေခဲသေတ္တာထဲတွင် နာရီဝက်ခန့် ထားပေးပါ။

 

ပြီးနောက် နာရီဝက်ပြည့်ရင်တော့ ရေခဲသေတ္တာထဲကနေ ထုတ်လိုက်ပါ။  ပြီးရင် ဒယ်အိုးထဲဆီထည့်၍ အပူပေးပြီး ဆီပူလာလျှင် နှပ်ထားတဲ့ ကြက်သားများကို ကြော်ပေးထားပါ။

 

ခုနစ်မိနစ်ခန့်ကြော်ပြီးတဲ့အခါ ပန်းကန်ပြားထဲထည့်ပြီး သံပရာသီးညှစ်လိုက်ပါ။ ကျန်နေသေးတဲ့ ပူစီနာရွက်များကို ထပ်ထည့်လိုက်ပါ။

 

ပြီးလျှင် ဂျုံပြားများကို ဆီသုတ်လိမ်းပြီး အစွန်းနှစ်ဖက်စီကို တစ်လက်မစီခေါက်ထားပေးပါ။

 

ပြီးနောက် ကြော်ထားတဲ့ ကြက်သားကြော်များကို ခပ်ထည့်ပြီး ဂျုံပြားပေါ် တင်လိုက်ပါ။

 

ပြီးရင်တော့ ကျစ်ကျစ်လေးလိပ်လိုက်ပါ။ အားလုံးလိပ်ပြီးသွားပြီဆိုရင်တော့ မီးဖုတ်မယ့် လင်ဗန်းပေါ် တင်ပေးပါ။

 

တစ်ခုချင်းစီကို ဆီထပ်သုတ်ပေးပြီး နှမ်းစေ့များဖြူးလိုက်ပါ။ ပြီးလျှင် အာဗင်ထဲမှာ အပူချိန် လေးရာဒီဂရီဖာရင်ဟိုက်နဲ့ မိနစ် နှစ်ဆယ်ခန့် ထည့်ထားလိုက်ပါ။

 

နောက်ဆုံးတွင်တော့ ရွှေညိုရောင်သမ်းနေတဲ့ ကြက်သားအစာသွပ်မုန့်ကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

 

Read More >>>>> ထိုင်းစတိုင် ကြက်သားအစာသွပ်မုန့်

 

 

Read times Last modified on Saturday, 02 February 2019 13:03
Rate this item
(1 Vote)