Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ၀က်နံရိုးပျားရည်ကြော်

ဝက်နံရိုးကိုဒီအတိုင်းချည်းဟင်းချက်စားရတာ ရိုးအီသွားသူများအတွက် ထိုင်းစတိုင်လ် ၀က်နံရိုးနှင့်

ပျားရည်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 


ပါဝင်သောပစ္စည်းများကတော့ ၀က်နံရိုး၊ ကြက်သားမှုန့်၊ ပျားရည်၊ သကြား၊ ခရုဆီ၊ ဆား၊ ကြက်သွန်ဖြူ၊ ဆီတို့ လိုအပ်ပါမယ်။



ပထမဦးဆုံး ၀က်နံရိုးကို အတုံးကလေးများတုံးပြီး ရေဆေးသန့်စင်ထားပါ။ ပြီးလျှင် ကြက်သားမှုန့်၊ ပျားရည်၊ သကြား၊ ခရုဆီ၊ ဆား၊ ကြက်သွန်ဖြူတို့ဖြင့် နာရီဝက်ခန့် အနည်းဆုံး နှပ်ထားပါ။

 

 

ပြီးလျှင် ဒယ်အိုးထဲသို့ ဆီများများထည့်ပြီး မီးအပူပေးထားပါ။ ဆီပူလာလျှင် ၀က်နံရိုးများကို ထည့်၍ ကြော်ပေးပါ။

 

 

ဝက်နံရိုးများ အညိုရောင်သန်းလာလျှင် ဒယ်အိုးထဲမှဆယ်၍ ဆီကို ဇကာဖြင့် စစ်ထားပါ။

 

 

ဆီစစ်သွားရင်တော့ အချဉ်ရည်လေးနှင့် တွဲဖက်၍ ထိုင်းစတိုင်လ် ၀က်နံရိုးပျားရည်ကြော်လေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  ကြက်ဥပူတင်းကျောက်ကျော

Read times Last modified on Tuesday, 18 September 2018 11:40
Rate this item
(5 votes)