Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ်ခေါက်ဆွဲ

ထိုင်းစတိုင်လ်ခေါက်ဆွဲက မြန်မာအုန်းနို့ခေါက်ဆွဲနဲ့ ဆင်တူပြီး အနီရောင်ဟင်းချက် အနှစ်ကို

အသုံးပြုချက်ထားတာမို့ အနံ့အရသာက ထူးခြားလှပါတယ်။ ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း ကိုယ်တိုင်လွယ်လင့်တကူ ချက်ပြုတ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်သား၊ ဟင်းချက်အနှစ်၊ နနွင်းမှုန့်၊ အုန်းနို့၊ ကြက်ပြုတ်ရည်၊ ပဲငံပြာရည်၊ သံပရာသီး၊ ဆား၊ ငရုတ်ကောင်း၊ ဆီ၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ခေါက်ဆွဲခြောက်၊ ငရုတ်သီးဆီချက်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကြက်သားကို အနေတော်အတုံးလေးများဖြစ်အောင် လှီးထားပါ။

 

ပြီးလျင် ချက်မယ့်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာပါက အနီရောင် ဟင်းချက်အနှစ်နှင့် နနွင်းမှုန့်ထည့်ပြီး ဆီသတ်ပါ။

 

ဆီသတ်နံ့မွှေးလာလျှင် ကြက်သားထည့်ပြီး ကြော်ပေးပါ။ အုန်းနို့ရည်ထည့်လိုက်ပါ။

 

ပြီးနောက် ရေဆူပွက်လာပါက နောက်ထပ်အုန်းနို့ရည်နှင့် ကြက်ပြုတ်ရည်ထည့်လိုက်ပါ။ ပြီးလှင် ငံပြာရည်၊ ပဲငံပြာရည်၊ ဆား၊ ငရုတ်ကောင်း ထည့်လိုက်ပါ။

 

ကြက်သားနူးပါက အရသာအပေါ့အငန်မြည်းပြီး သံပရာသီးညှစ်ထည့်ပြီးရင်တော့ ခေါက်ဆွဲစားဖို့အတွက် ဟင်းရည်ရပါပြီ။

 

နောက်ဆုံးမှ ခေါက်ဆွဲကို ရေဆူဆူမှာ ဖျောပြီး ပန်းကန်ထဲသို့ ထည့်လိုက်ပါ။ ပြီးရင် ကြက်သားနှင့်ဟင်းရည် သမအောင် မွှေ၍ခပ်ထည့်ပြီး ကြက်သွန်မြိတ်၊ နံနံပင်၊ ကြက်သွန်နီပါးပါး၊ ခေါက်ဆွဲ၊ ငရုတ်သီးတို့ကိုထည့်ပြီး ရင်တော့ ထိုင်းစတိုင် ခေါက်ဆွဲကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Tuesday, 18 September 2018 13:28
Rate this item
(2 votes)