Thiland



ဗီယက်နမ်စပါးမျိုးစိတ်များ မစိုက်ကြရန် ထိုင်းလယ်သမားများကို ထိုင်းအစိုးရ သတိပေး

ဗီယက်နမ်စပါးမျိုးစိတ်များ မစိုက်ကြရန် ထိုင်းလယ်သမားများကို ထိုင်းအစိုးရ သတိပေး

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းအာဏာပိုင်များက အသိအမှတ်မပြုရသေးသည့် ဗီယက်နမ်မှထွက်ရှိသော စပါးမျိုးစိတ်များကို ခိုးသွင်းခြင်း၊  စိုက်ပျိုးခြင်း မပြုရန် ထိုင်းလယ်သမားများကို ထိုင်းအစိုးရက သတိပေးထားသည်။

တရားမဝင် တင်သွင်းထားသည့် စပါးမျိုးစိတ်များကို စိုက်ပျိုးသည်ကို ဗီယက်နမ်က မူပိုင်ခွင့် ကာကွယ်ရန် တရားစွဲဆိုပါက ဒုက္ခရောက်နိုင်ကြောင်း ထိုင်းလယ်သမားများအား စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Capt Thamanat Prompow က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

 

"ဒါဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်" ဟု Mr Thamanat က ပြောကြားသည်။

ဗီယက်နမ်မှ စပါးမျိုးစိတ်များသည် ထိုင်းစပါးမျိုးစိတ်များထက် အထွက်နှုန်းပိုများသဖြင့် လယ်သမားများအတွက် ဝင်ငွေပိုရနိုင်သည်ဟု ဝန်ကြီးက ပြောကြားသည်။

 

ထိုင်းနိုင်ငံမှ တစ်ရိုင် စပါးအထွက်နှုန်းသည် ၂၀၂၁ ခုနှစ်တွင် တစ်ရုိင်လျှင် ၄၇၈ ကီလိုဂရမ်

 ဖြစ်သဖြင့်  ပြိုင်ဖက်နိုင်ငံများ၏ ပျမ်းမျှ တစ်ဧက အထွက်နှုန်း အဆင့်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေပါသည်။

 

ဗီယက်နမ်တွင် တစ်ရိုင် ၉၇၂ ကီလိုဂရမ်၊ တရုတ်နိုင်ငံတွင် တစ်ရုိင်လျှင် ၁,၁၉၉ ကီလိုဂရမ် ထွက်ရှိသည်။

 

 "အိမ်နီးချင်းနိုင်ငံတွေကနေ မှောင်ခိုတင်သွင်းလာတဲ့ စပါးမျိုးစိတ်တွေကို ဆန်စပါးဌာနက အသိအမှတ်ပြုဖို့ မဖြစ်နိုင်ဘူး"ဟု ၎င်းက ပြောကြားသည်။ 

 

"ဆန်စပါး ဦးစီးဌာနကို သုတေသန လုပ်ပြီး စိုက်ပျိုးမြေ တစ်ဧက ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ သီးနှံအထွက်နှုန်း ပိုကောင်းစေမယ့် ပြည်တွင်း စပါးမျိုးကွဲသစ်တွေ ဖော်ထုတ်ပေးဖို့ ညွှန်ကြားထားပါတယ်" ဟု Mr Thamanat က ပြောကြားသည်။

 

နောက်လာမည့် စပါးစိုက်သည့်ရာသီတွင် ၎င်းအထွက်တိုး မျိုးစိတ်များကို စိုက်ပျိုးနိုင်မည် ဖြစ်သည်။

 

Source bangkokpost 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Sunday, 17 December 2023 20:29
Rate this item
(0 votes)