Thiland



ထိုင်းဒူရင်း ဗီယက်နမ်မှာ ဈေးကောင်းရ

ထိုင်းဒူရင်း ဗီယက်နမ်မှာ ဈေးကောင်းရ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံမှ  Kadum ဒူရင်းများကို ဗီယက်နမ်တွင် တစ်ကီလိုဂရမ်လျှင် ဒေါင် ၃၃၀,၀၀၀ ($13.60) ဖြင့် စတိုးဆိုင် အများအပြားတွင် ရောင်းချနေကြသည်။ ယမန်နှစ်ကထက် ၁၅% ဈေးပိုမြင့်ပါသည်။

 

ဗီယက်နမ် ဒူရင်းရာသီ ကုန်ဆုံးခါနီးပြီ ဖြစ်သဖြင့် ပြည်တွင်းဈေးကွက်ထဲ ဒူရင်း အဝင်နည်းလာသည်။

သို့ဖြစ်ရာ ကုန်သည်များသည် ထိုင်းနိုင်ငံမှ Kadum ဒူရင်းသီးများ တင်သွင်းကြသည်။ Kadum ဒူရင်းသီးတလုံးလျှင် အလေးချိန် ၂ မှ ၄ ကီလိုဂရမ်အထိ ရှိသည်။ 

 

ဟနွိုင်းနှင့် ဟိုချီမင်းစီးတီး မြို့များရှိ သစ်သီးဆိုင်များ၏ ပြောကြားချက်အရ နေ့စဉ် ဒူးရင်း ၃၀၀ မှ ၅၀၀ ကီလိုဂရမ်ခန့်သာ တင်သွင်းနိုင်ပြီး ၂ ရက်မှ ၄ ရက်အတွင်း ရောင်းထွက်သွားသည်။

 

စျေးနှုန်းသည် တစ်ကီလိုလျှင် ဒေါင် နှစ်သိန်းခွဲမှ သုံးသိန်းအထိ ရှိပြီး ဗီယက်နမ်ဒူးရင်းထက် ၅၀% ဈေးပိုများသည်။

 ဟိုချီမင်းစီးတီးရှိ သစ်သီးဆိုင်ပိုင်ရှင် Oanh က Kadum ဒူးရင်းသီးများသည် အမြင်လှပြီး နူးညံ့ချိုမြိန်ကာ ခံတွင်းတွင် အရည်ပျော်သွားသောကြောင့် ပထမဆုံးအကြိမ် တင်သွင်းရောင်းချဖြစ်သည်ဟု ဆိုသည်။

 

“ကဒမ်ဒူးရင်း တစ်လုံးကို ဒေါင် ၉၅၀,၀၀၀ နဲ့ ရောင်းပါတယ်။ ထိုင်းဒူးရင်းသီးကြိုက်တဲ့သူတွေက ဈေးနှုန်းကိုမစဉ်းစားဘဲ ချက်ချင်းဝယ်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ အနည်းအကျဉ်းပဲ ရနိုင်တဲ့ ထိုင်းဒူရင်း အမျိုးအစား ဖြစ်နေလို့ပါ"ဟု Oanh က ပြောကြားသည်။

ထိုင်းဒူးရင်း ၃၀၀ ကီလိုဂရမ်ကို တင်သွင်းရောင်းချသူ  Kieu Trung  သည် ဟိုချီမင်းစီးတီးတွင် ဆိုင်ဖွင့်ထားသည်။ ကဒမ်ဒူးရင်းကို လူကြိုက်များသည်ဟုာသူမက ပြောကြားသည်။ "စရောင်းပြီး သိပ်မကြာခင်မှာ ကုန်သွားပါတယ်" ဟု သူမက ပြောကြားသည်။ 

 

“ကဒမ်ဒူးရင်းအမျိုးအစားကရွှေရောင် ဝင်းနေတယ်။ အသားက ပျော့ပျောင်းပြီး အရသာ ပြည့်ဝတယ်။ ချိုမြိန်တဲ့ ပျော့ဖတ်လေးတွေ ဖြစ်ပြီး စားပြီးရင် ခါးသက်သက် ကျန်ရစ်တာမျိုး မရှိဘူး"ဟု သူမက ပြောပြသည်။ 

"လိုသလောက် မရဘူး။ ဝယ်စားမယ့်သူတွေက များနေတယ်။ ဒီနှစ်မှာ မနှစ်ကထက် ၁၅% ဈေးပိုမြင့်နေတယ်" ဟု သူမက ပြောကြားသည်။ 

 

photo_2023-12-25_10-25-33.jpg

 

ကုန်သည်များ၏ ပြောကြားချက်အရ ယခုနှစ်တွင် လေယာဉ်ဖြင့် တင်သွင်းသော ဒူးရင်းဈေးသည် တစ်ကီလိုလျှင် ဒေါင် ၄၄၀,၀၀၀ အထိ ရှိနိုင်သည်။

 

ဗီယက်နမ်တွင် ကဒမ်ဒူရင်းကို ၁၉၉၅ ခုနှစ်ကတည်းက စိုက်ပျိုးခဲ့သော်လည်း မြေသားကြောင့် အသီးအရသာမှာ ထိုင်းမှ ကဒမ်ဒူရင်းသီးကို မမီချေ။ 

 

Source vnexpress 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Monday, 25 December 2023 10:27
Rate this item
(0 votes)