Thiland



အာရှဆန်ဈေး ဆက်လက်မြင့်တက်မည်

အာရှဆန်ဈေး ဆက်လက်မြင့်တက်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိပ်တန်းဆန်တင်ပို့သူ အိန္ဒိယက ဆန်အမြောက်အမြားတင်ပို့မှုကို ပိတ်ပင်လိုက်ပြီးနောက်  ဆန်ဈေးတက်လာသည်။

ကမ္ဘာ့ စားနပ်ရိက္ခာဈေးကွက်များသည် ဆိုးဝါးသော ရာသီဥတုနှင့် ယူကရိန်းစစ်ပွဲတို့ကြောင့် ထိခိုက်နေစဉ် ဘူးလေးရာ ဖရုံဆင့်သွားသည်။

 

“ရေတိုမှာ စျေးနှုန်းက ကျိန်းသေပေါက် တက်လာမယ်၊ ဘယ်လောက် မြင့်မလဲ ဆိုတာသာ မသိရသေးတာ” ဟု ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ပြောကြားသည်။

"ဈေးက တရိပ်ရိပ်တက်တော့မှာ၊ ဖြည်းဖြည်းချင်း တက်သွားတာမျိုး မဟုတ်ဘူး" ဟု ၎င်းက ပြောကြားသည်။

အာရှတွင် ဆန်တင်ပို့သည့် အဓိက နိုင်ငံတစ်ခု ဖြစ်သော ဗီယက်နမ်သည် ၅% ဆန်ကွဲပါ ဆန်ဖြူ တစ်တန်လျှင် $600 ဈေးခေါ်နေပြီဟု Mr Chookiat က ပြောကြားသည်။ 

ထိုင်းဆန် ဈေးနှုန်းကို ၂၀၁၂ နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းသို့ ခုန်တက်စေလိမ့်မည်။ ယခုအခါ ခေါ်ဈေး တစ်တန် $534 သို့ ရောက်ရှိနေသည်။ ၂ နှစ်တာတွင် အမြင့်ဆုံး ဈေးနှုန်း ဖြစ်သည်။

 

ယခုလတွင် ဆန်၊ ဂျုံ၊ ပြောင်း ဈေးတက်ကုန်သည်။ 

 

photo_2023-07-26_08-30-34.jpg

 

 စားနပ်ရိက္ခာ ဖူလုံရေးအတွက် အိန္ဒိယဆန်ကို ဝယ်ယူတင်သွင်းလိုပါက အစိုးရက အိန္ဒိယအစိုးရထံ ပန်ကြားပါက ရောင်းချပေးမည် ဖြစ်သည်။ ဘာစမာတီ မဟုတ်သော ပေါင်းဆန်နှင့် ဘာစမာတီဆန်တို့ကို တင်ပို့ခွင့် ပေးထားသည်။

အိန္ဒိယ၏ ဆန်တင်ပို့မှုတွင် ၃၀%-၄၀% အထိ လျော့ကျလိမ့်မည်။ 

ဆန်တင်သွင်းရသည့် တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် အာဖရိကနိုင်ငံများ ထိခိုက်ကြမည်။ ပိတ်ပင်ထားသည့်ကာလ ကြာမြင့်သည်နှင့်အမျှ သက်ရောက်သည့် အတိုင်းအတာ ပိုကြီးမားမည်။ 

 

Source Bloomberg News

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 26 July 2023 08:33
Rate this item
(0 votes)