Thiland



အင်ဒိုနီးရှား ထိုင်းဆန် တင်သွင်းမှု ဒေါ်လာ သန်း ၅၀၀ ကျော်သို့ ရောက်ရှိ

အင်ဒိုနီးရှား  ထိုင်းဆန် တင်သွင်းမှု ဒေါ်လာ သန်း ၅၀၀ ကျော်သို့ ရောက်ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အင်ဒိုနီးရှားသည် အယ်လ်နီညို ဖြစ်စဉ်နှင့် မိုးရာသီ စတင်မှု နှောင့်နှေးခြင်းတို့ကြောင့် ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကို ကြုံတွေ့နေသဖြင့် လွန်ခဲ့သည့်လများအတွင်း အင်ဒိုနီးရှားသို့ ထိုင်းဆန်တင်ပို့မှု မြင့်တက်လာခဲ့သည်။

မိုးခေါင်ရေရှားမှုသည် အင်ဒိုနီးရှား၏ စပါးစိုက်ပျိုးသော ဒေသများ အထူးသဖြင့် ဂျာဗားနှင့် ဆူမားတြားတောင်ဘက် ဒေသများကို ထိခိုက်ခဲ့သည်။

ကုန်းမြင့်ဒေသရှိ လယ်သမားများသည် ရေလိုအပ်မှု များပြားသည့် စပါးကို စိုက်ပျိုးရန် မဖြစ်နိုင်သဖြင့် ပြောင်းကဲ့သို့သော ရေလိုအပ်မှု နည်းသည့် ကောက်ပဲသီးနှံများကိုသာ စိုက်ပျိုးကြရသည်။

 

ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး Naphinthorn Srisanpang က အင်ဒိုနီးရှားသည် ပြီးခဲ့သည့်နှစ်က ထိုင်းဆန် တင်သွင်းသူများစာရင်းတွင် အဆင့် ၂၀ မှာ ရပ်တည်ခဲ့သည်ဟု ပြောကြားသည်။

အမေရိကန်ဒေါ်လာ ၄၂.၂၄ သန်းဖိုးရှိ ထိုင်းဆန် ၉၁,၇၁၄ တန်ကို တင်သွင်းခဲ့ပါသည်။

 

ယခုနှစ် ပထမ ၁၀ လ အတွင်း ထိုင်းဆန်တန်ချိန် ၁.၀၅ သန်း တင်သွင်းခဲ့သဖြင့် ပမာဏ သိသိသာသာ တိုးလာသည်။ စုစုပေါင်း တန်ဖိုးမှာ  အမေရိကန်ဒေါ်လာ ၅၂၃ ဒသမ ၄၅ သန်း ဖြစ်ပါသည်။

“အင်ဒိုနီးရှားဟာ အခု ထိုင်းရဲ့ နံပါတ် ၁ ဆန်ဈေးကွက် ဖြစ်လာပါပြီ” ဟု ၎င်းက ဆိုသည်။

အင်ဒိုနီးရှားသို့ တင်သွင်းသည့် ထိုင်းဆန်အများစုမှာ ဆန်ဖြူ ဖြစ်ပါသည်။

 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ထိုင်းဆန် အများဆုံးတင်သွင်းခဲ့သည့် ထိပ်တန်း (၅) နိုင်ငံမှာ

• အင်ဒိုနီးရှား

• အမေရိကန်

• တောင်အာဖရိက

• အီရတ်

• တရုတ်

တို့ ဖြစ်ပါသည်။

 

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 820 times Last modified on Wednesday, 06 December 2023 03:21
Rate this item
(0 votes)