Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင်လ် ငါးအသားလွှာ ချဉ်စပ်ဆော့စ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ငါးစားရတာနှစ်သက်ပြီး အရိုးစူးမှာ ကြောက်သူများအတွက်

ငါးအသားလွှာ ချဉ်စပ်ဆော့စ်လေးကို ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးဒန်၊ ကြက်သွန်ဖြူ၊ ချင်းအရည်၊ ချင်း၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဆီ၊ ဂျုံမှုန့်၊ ကော်မှုန့်၊ အသားမှုန့်၊ ပင်စိမ်း၊ ကြက်သွန်မြိတ်၊ ငရုတ်ပွစိမ်း တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးဒန်ကို ရေသန့်စင်ဆေးကြောပြီး အသားကို ကိုယ်ကြိုက်နှစ်သက်တဲ့အရွယ်လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူနှင့် ချင်းကို ညက်အောင်ထောင်းထားပါ။

 

ပြီးလျှင် ပါဝင်ပစ္စည်းများအားလုံးကို နှံ့အောင်နယ်ပြီး နှစ်နာရီခန့် နှပ်ထားပါ။ ငါးနှပ်ထားစဉ် နာရီဝက်တစ်ခါ ငါးကို အထက်အောက် လှည့်နယ်ပေးပါ။

 

ပြီးနောက် ငါးကြော်ရန်အတွက် နှပ်ထားတဲ့ ငါးများကို ဂျုံ၊ ကော်မှုန့်တို့နဲ့ နှံ့အောင်နယ်ပြီး ဆီပူပူမှာကြွပ်အောင်ကြော်ပြီး ရရင် ဆီစစ်ထားပါ။

 

ပြီးရင်တော့ အချဉ်ရည်ဆော့စ်ဖျော်ရန်အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးဆော့စ်၊ ပဲငံပြာရည်အကျဲ၊ သံပရာရည်၊ ငရုတ်သီးစိမ်းစပ်စပ်၊ သကြားတို့ကို ရေထည့်ပြီး ရောဖျော်ပေးထားပါ။

 

နောက်ဆုံးမှ ဟင်းချက်ဖို့အတွက် ဒယ်အိုးထဲကို ဆီထည့် ဆီပူလာရင် ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်ပွစိမ်းတို့ကို ထည့်ပြီး ဆီသတ်ပေးပါ။ ကြက်သွန်ဖြူနွမ်းရင်တော့ ဆော့စ်ရည်များထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။

 

ပြီးရင်တော့ ကြော်ထားတဲ့ ငါးကြော်ပေါ်ကို ဆော့စ်ရည်များ လောင်းလိုက်ပါ။ ပြီးနောက် ပင်စိမ်းနဲ့ ကြက်သွန်မြိတ်ကို အပေါ်မှ ဖြူးလိုက်ပါ။

 

ပြီးရင်တော့ ထိုင်းစတိုင်လ် ငါးအသားလွှာ ချဉ်စပ်ဆော့စ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:21
Rate this item
(1 Vote)