Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် သာကူအစာသွပ်မုန့်

Unicode  >>>>>>

ထိုင်းစတိုင် သာကူအစာသွပ်မုန့်


အိမ်မှာ မိသားစုဆုံတုန်းလေး  အပျင်းပြေ၊ အဆာပြေမုန်ု့လုပ်စားချင်သူတွေအတွက် ထိုင်းစတိုင် သာကူအစာသွပ်ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ သာကူ၊ ဝက်သား (သို့) ကြက်သား၊  ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီ၊ မြေပဲ၊ ငံပြာရည်၊ သကြား၊ ဆီတို့လိုအပ်ပါမယ်။


Mini Markets (Food & Beverage) အစားအသောက်ရောင်းချပေးသည့်ဆိုင်ငယ်လေးများ ၂၂၃ ခုကိုရှာရန်နှိပ်ပါ။


အရင်ဆုံး  ကြက်သား (သို့) ဝက်သားကို ရေဆေးသန့်စင်ပြီး ခပ်နုတ်နုတ်စင်းထားပါ။


ပြီးနောက် သာကူကို ရေနဲ့အနည်းငယ်ဆေးပြီး ဇလုံတစ်ခုထဲတွင် သာကူကို ရေစိမ်ထားပါ။ ပြီးမှ လက်ဖြင့် သာကူစေ့များကို အနည်းငယ်ခြေပြီး စေးကပ်အောင် လုပ်ပေးပါ။ အပေါ်က ရေစိုဝတ်ဖြင့် ၁နာရီခန့် အုပ်ထားပေးပါ။ အဲဒီနောက် ဒယ်ထဲ ဆီထည့်ဆီပူလာရင် ကြက်သွန်နီများကို ဆီသပ်ပေးပါ။


ဆီပူလာပြီဆိုရင် ကြက်သားထည့် အရောင်ပြောင်းမှ ငံပြာရည်၊ သကြား ထည့်ပါ။ ပြီးနောက် မြေပဲ ထည့်ကာ လုံးသွားပြီး စေးကပ်သွားအောင် ကြော်ပေးပါ။ ပြီမှ မီးပိတ်ပြီ အအေးခံထားပါ။ ရပြီဆိုရင်တော့ သာကူကို ၁လက်မခွဲအရွယ် အဝိုင်းပြားလိုပ် ကြက်သားမြေပဲ အစာသွပ်ပေးပါ။


အစာသွပ်ပြီး သာကူကိုလက်ဖြင့် အလုံးပုံပြန်လုံးပေးပါ။ ဒီနည်းအတိုင်း ကျန်သာကူများကို အစာသွပ်ပေးပါ။ ဌက်ပျောရွက်ပေါ် သာကူအစာသွပ်လုံးများကို တင်ပြီး ပေါင်းအိုးဖြင့် ၅မိနစ် ပေါင်းပေးပါ။


Read More >>>>> ဆန်တင်ပို့မှုများကို ထိန်းချုပ်နိုင်ရန် စာရင်းများ ကောက်ယူ


ပေါင်းပြီးရင် သာကူကို ကိုင်လို့ရတဲ့အထိ ခေတ္တအေးခံထားပါ။ သာကူများ  အလွန်စီးကပ်တာဖြစ်လို့ ပန်းကန်တွင် ကြက်သွန်ဖြူဆီချက်မှ ဆီအနည်းငယ်ကို အရင်သုတ်ပါ။ ပြီးမှ သာကူအစာသွပ်များကို ပန်းကန်ပေါ်တင်ပြီး အပေါ်မှ ကြက်သွန်ဖြူဆီချက်များကို ဖြူးကာ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

 

#MFID

 

Home Page Food

 

Zawgyi >>>>>

 


 


 


 


 


 


 


 


 


 


 


#MFID

Read times Last modified on Monday, 16 March 2020 14:48
Rate this item
(0 votes)