Thiland



၂၀၂၂ တွင် ထိုင်းဆန် တင်ပို့မှု လျာထားချက် ကျော်လွန်

၂၀၂၂ တွင် ထိုင်းဆန် တင်ပို့မှု လျာထားချက် ကျော်လွန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

]

 

ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ဆန်တန်ချိန် ၇ ဒသမ ၆၉ သန်း တင်ပို့ခဲ့သည်။

 ၂၀၂၁ ခုနှစ်ထက် ၂၂.၁% ပိုများသည်ဟု ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ 

လျာထားချက် တန်ချိန် ၇.၅ သန်းထက် ကျော်လွန်ခဲ့သည်။

ထိပ်တန်းဈေးကွက်များမှာ အီရတ်၊ တောင်အာဖရိက၊ တရုတ်နှင့် အမေရိကန်တို့ဖြစ်သည်။

ထိုင်းသည် အိန္ဒိယနှင့် ဗီယက်နမ်ပြီးလျှင် ကမ္ဘာ့တတိယအများဆုံး ဆန်တင်ပို့သူဖြစ်သည်။

၂၀၂၂ တွင် ဘတ်ငွေ ကန်ဒေါ်လာလဲနှုန်းတွင် ဘတ်ငွေ အားပျော့နေခဲ့သဖြင့် ပို့ကုန်ဆန် ဈေးနှုန်းကို ကန်ဒေါ်လာသို့ ပြောင်းလဲလိုက်သောအခါ ဈေးသက်သာနေသည်။

ယခုအခါ ဘတ်ငွေ ကန်ဒေါ်လာလဲနှုန်းတွင် ဘတ်ငွေ မာနေသဖြင့် ပို့ကုန်ဆန်ဈေးနှုန်းသည် ငွေလဲနှုန်းကြောင့် မြင့်တက်သည်။ ထိုအခါ ရောင်းအား အနည်းနှင့်အများ ကျဆင်းသည်။

 

ယခုအခါ ၁ ကန်ဒေါ်လာ ၃၂.၅၀ ဘတ်ဝန်းကျင် ရှိသည်။ ၂၀၂၂ အောက်တိုဘာလတွင် ၁ ကန်ဒေါ်လာ ၃၈ ဘတ်ဝန်းကျင်အထိ အားပျော့နေခဲ့သည်။

 

၅% ဆန်ကွဲပါ ထိုင်းဆန်ဖြူဈေးနှုန်းသည် ဒီဇင်ဘာ လလယ်တွင် တစ်တန် $465 ရှိခဲ့ပြီး ငွေလဲနှုန်းကြောင့်  ၂၀၂၃ ဇန်နဝါရီလ ၁၈ ရက်တွင် $523 အထိ မြင့်တက်လာသည်။

 

ထိုသို့ ဘတ်ငွေ မာနေခြင်းကြောင့် ယခုလအစောပိုင်းတွင် ထိုင်းဆန်တင်ပို့သူများအသင်း Thai Rice Exporters Association မှ  ၂၀၂၃ ခုနှစ်အတွက် ရည်မှန်းထားချက်ကို တန်ချိန် ၈ သန်းမှ ၇ ဒသမ ၅ သန်းသို့ လျှော့ချပြီး ပြင်ဆင်သတ်မှတ်ခဲ့သည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)