Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် နာနတ်သီးထမင်းကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ထိုင်းစတိုင် နာနတ်သီးထမင်းကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ နာနတ်သီး၊ မုန်လာဥနီ၊ ပြောင်းဖူးစေ့၊ ပဲစိမ်းစေ့၊ ကြက်သွန်ဖြူ၊ ဆီ၊ ဟင်းခတ်မှုန့်၊ ထမင်းတို့ လိုအပ်ပါမယ်။

 

ပထမဆုံး နာနတ်သီးကို အခွံနွှာ ခပ်သေးသေးလေးပိုင်းထားပါ။ ပြီးနောက် မုန်လာဥနီ၊ ပြောင်းဖူးစေ့၊ ပဲစိမ်းစေ့ တို့ကို လှီးဖြတ်ထားပါ။ ကြက်သွန်ဖြူကို ညက်အောင်ကြိတ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့်၊ ဆီပူလာလျှင် ကြက်သွန်ဖြူကို ထည့်လိုက်ပါ။ ပြီးနောက် မုန်လာဥနီ၊ ပြောင်းဖူးစေ့၊ ပဲစိမ်းစေ့တို့ကို ထည့်လိုက်ပါ။ ကြော်နေတုန်းမှာ အပေါ့အငန်အတွက် ဆား၊ ဟင်းခတ်မှုန့်ကိုထည့်လိုက်ပါ။

 

ပြီးလျှင်တော့ ထမင်းဖြူကို ထည့်လိုက်ပါ။ ပြီးနောက် ခပ်သေးသေးပိုင်းထားတဲ့ နာနတ်သီးကို ထည့်ကြော်ပါ။ ထမင်းမကြေအောင် ခပ်ဖွဖွလေး မွှေပေးရပါမယ်။

 

အရသာအနေတော်နှံ့စပ်လို့ စိတ်တိုင်းကျပြီဆိုရင်တော့ မွှေးချိုစိမ့်နေတဲ့ ထိုင်းစတိုင် နာနတ်သီးထမင်းကြော် ပူပူလေးကို အသင့်သုံးဆောင်နိုင်ပါပြီ။



Read times Last modified on Tuesday, 18 September 2018 15:12
Rate this item
(3 votes)