Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ချဉ်ငံစပ် ပြောင်းဖူးသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ပြောင်းဖူးကို ဒီအတိုင်းစားရတာ ရိုးအီနေသူများအတွက်

ထိုင်းစတိုင် ချဉ်ငံစပ် ပြောင်းဖူးသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပြောင်းဖူး၊ ပုစွန်ခြောက်၊ ကြက်သားမှုန့်၊ ခရမ်းချဉ်သီး၊ ပဲတောင့်ရှည်၊ သံပရာသီး၊ ငံပြာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ မြေပဲလှော်တို့လိုအပ်ပါမယ်။

 

ပထမဆုံး အိုးတစ်လုံးယူ ပြောင်းဖူးထည့် ရေထည့်ပြီး ပြောင်းဖူးကို နူးအောင်ပြုတ်လိုက်ပါ။ နူးသွားပါက အေးအောင် ထားပါ။ ပြီးလျှင် ပြောင်းဖူးစေ့အားလုံးခြွေပြီး ပန်ကန်တစ်ချပ်ထဲ ထည့်ထားပါ။

 

ပါဝင်သော ပစ္စည်းအားလုံးကို ငရုတ်ဆုံထဲတွင်ထည့်ထောင်းပေးပါ။ ပြီးလျှင် သံပရာရည် ညှစ်ထည့်ပါ။

 

ပြီးနောက် ပြောင်းဖူးစေ့များကိုလည်း ဆုံထဲထည့်ထောင်းပါ။ နောက်ဆုံးမှ မြေပဲကိုထောင်း၍ အပေါ်ယံဖြူးပြီး အရသာရှိတဲ့ ချဉ်ငံစပ် ပြောင်းဖူးသုပ်လေးကို မိသားစုစုံလင်စွာဖြင့် မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:28
Rate this item
(1 Vote)