Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ကွေ့တီယို ပြုလုပ်နည်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အားလပ်ရက်များတွင် မိသားစုဆုံတုန်းလေး အိမ်၌ ကိုယ်တိုင်လုပ်စားနိုင်တဲ့ ထိုင်းအစားအစာတစ်မျိုးဖြစ်သော ကွေ့တီယို ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ကြက်ရိုး၊ ဆန်ခေါက်ဆွဲဖတ်၊ ငါးဖယ်လုံး၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းစေ့၊ ဆား၊ သကြားတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကြက်သားကို ရေဆေး သန့်စင်ပြီး ကြက်သားကို ခပ်သေးသေးလှီးထားပါ။ ကြက်ရိုးများကို သီးသန့်ဖယ်ထားပါ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ။

 

ပြီးလျှင် ကြက်သားကို အိုးခပ်ကြီးကြီးတစ်လုံးထဲမှာ ရေထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ရေပွက်လာရင် နံနံပင်အရိုး၊ ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်လိုက်ပါ။

 

မိနစ်အနည်းငယ်အကြာ အနံမွှေးလာရင်တော့ သန့်စင်ထားတဲ့ ကြက်ရိုးများကို အိုးထဲထည့်ပြုတ်လိုက်ပါ။ ပြီးလျှင် ဆား၊ သကြားတို့ကို ထည့်လိုက်ပါ။ ပြီးလျှင်တော့ မီးအေးအေးနဲ့ တည်ထားပေးပါ။

 

ပြီးလျှင် ခပ်သေးသေးလှီးထားသော ကြက်သားများကို ဒယ်အိုးထဲကို ထည့်လိုက်ပါ။ အသားများကျက်သည်အထိ အိုးထဲမှာ မွှေပေးပါ။ အသားကျက်သွားတဲ့အခါ မီးဖိုပေါ်မှ ချလိုက်ပါ။

 

စားခါနီးမှာ အိုးသေးသေးတစ်လုံးထဲကို ကြက်ပြုတ်ရည်အိုးထဲမှ တစ်ပွဲစာအတွက် ဇွန်းဖြင့်ယူပြီး ထည့်လိုက်ပါ။ ငါးဖယ်လုံးထည့် ကြက်သားထည့်ပြီး ပွက်လာအောင် တည်ပေးပါ။ ပွက်လာလျှင်တော့ ပဲပင်ပေါက်ကို ထည့်ပြီး မီးဖိုပေါ်မှ ချလိုက်ပါ။

 

ပြီးလျှင် ဆန်ခေါက်ဆွဲဖတ်ကို ပြုတ်ပြီး ပန်းကန်တစ်ခုထဲထည့် အသားအတုံးကလေးတွေထည့်၊ ဟင်းရည်ထည့်၊ ကြက်သွန်မြိတ်ထည့် အပေါ်မှ ကြက်သွန်ဖြူကြော်လေး ဖြူးလိုက်ပါ။ မြေပဲကြိုက်နှစ်သက်သူများအတွက် မြေပဲကို အပေါ်ယံမှ ထပ်၍ ဖြူးပေးနိုင်ပါတယ်။

 

Read 9077 times Last modified on Tuesday, 18 September 2018 15:24
Rate this item
(3 votes)