Thiland



မှောင်ခိုဝက်သား တန်ချိန် ၄,၃၀၀ မြေမြှုပ်စွန့်ပစ်

 မှောင်ခိုဝက်သား တန်ချိန် ၄,၃၀၀ မြေမြှုပ်စွန့်ပစ်

To Get Instant Update
https://t.me/Guid4U

JOIN THE CHANNEL 

ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့် သမဝါယမ ၀န်ကြီး Thamanat Prompow က တာဝန်ရှိသူများအား Sa Kaeo ရှိ အမှိုက်ပုံတွင် မှောင်ခိုဝက်သား တန်ချိန် ၄,၃၀၀ မြှုပ်နှံရန် အမိန့်ပေးခဲ့သည်။

 

 

photo_2023-09-17_14-05-15.jpg

 

 

အထူးစုံစမ်းစစ်ဆေးရေးဌာန Department of the Special Investigation(DSI) ၏ စုံစမ်းစစ်ဆေးမှုဖြင့် လန်ချာဘန်းဆိပ်ကမ်းတွင် အေးခဲဝက်သား အမြောက်အမြား တရားမဝင် တင်သွင်းထားသည်ကို ဇူလိုင်လတွင် သိမ်းဆည်းခဲ့သည်။

မှောင်ခိုတင်ပို့မှုတွင် ကွန်တိန်နာ ၁၆၁ လုံးဖြင့် အေးခဲဝက်သား စုစုပေါင်း တန်ချိန် ၄,၃၀၀ ပါဝင်ပြီး ဘတ်ငွေ သန်း ၅၀၀ ကျော် တန်ဖိုးရှိသည်။

 

တရားမဝင် လယ်ယာထွက်ကုန်များ အထူးသဖြင့် မှောင်ခိုဝက်သား တင်သွင်းမှု တားဆီးနှိမ်နှင်းရေးသည် တိရစ္ဆာန်များ ရောဂါဆိုးကူးစက်ပျံ့နှံ့မှုနှင့် ပြည်တွင်း စျေးကွက်အပေါ် အနှောက်အယှက်ပြုခြင်းများကို တားဆီးရန်နှင့် စားသုံးသူများကို အကာအကွယ်ပေးရန်အတွက် ဝန်ကြီးဌာန၏ ဦးစားပေး လုပ်ငန်းတစ်ခုဖြစ်သည်ဟု ဝန်ကြီးက ပြောကြားသည်။

 

မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် Sa Kaeo မှ တိရစ္ဆာန် အာဟာရ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး စင်တာရှိ အမှိုက်ပုံ၌ ဝက်သားများအား မြှုပ်နှံရန် ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ DSI၊ ထိုင်းနိုင်ငံ ဝက်မွေးမြူသူများအသင်းနှင့် အကောက်ခွန်ဌာနတို့မှ တာဝန်ရှိသူများလည်း ပါဝင်မည်ဖြစ်သည်ဟု မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Somchuan Ratanamungklanon က ပြောကြားသည်။

 

ဝက်သားများ မြေမြှုပ်သည့် လုပ်ငန်းစဉ်သည် ၅ ရက် ကြာမြင့်မည်။ ကျဉ်းကြီး ၆ ကျင်း တူးထားပြီး ကျင်းတိုင်းတွင်  ဝက်သားများ ပုပ်သိုးသည့်အခါ ထွက်လာမည့် ဂက်စ်များ ထွက်ရန် ပိုက်လိုင်းများ တပ်ဆင်ပေးထားမည် ဖြစ်သည်။ 

 

မှောင်ခိုဝက်သားနှင့်ပတ်သက်ပြီး အဓိကစိုးရိမ်ရသည့်အချက်မှာ ကူးစက်တတ်ပြီး သေစေသော ဝက်တုပ်ကွေးရောဂါ တမျိုးဖြစ်သည့် အာဖရိကဝက်အပြင်းဖျားရောဂါ ပါနေသည့် ဝက်သားများ ဖြစ်နေနိုင်ခြင်း ဖြစ်သည်ဟု ဒေါက်တာ Somchuan က ပြောသည်။

 

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁ ရက်မှ ယခုနှစ် ဩဂုတ် ၃၁ ရက်အထိ ထိုင်းနိုင်ငံတွင် ဘတ် သန်း ၁၉၀ တန်ဖိုးရှိ မှောင်ခိုဝက်သား ၁,၁၄၂ တန် သိမ်းဆည်းရမိခဲ့သည်။ ၎င်းစာရင်းသည် DSI မှ ဖမ်းဆီးရမိသည့် မှောင်ခိုဝက်သားများ မပါပါ။ 

၁,၀၄၉ တန်ကို စနစ်တကျ စွန့်ပစ်ခဲ့ပြီးပြီ ဖြစ်ပါသည်။

 

Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Sunday, 17 September 2023 14:08
Rate this item
(0 votes)