Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုဗစ်ကြောင့် အခက်တွေ့နေရတဲ့ ထိုင်းလမ်းဘေးစျေးသည်တွေ ဆန္ဒပြပွဲကြောင့် အဆင်ပြေ

ကိုဗစ်ကြောင့် အခက်တွေ့နေရတဲ့ ထိုင်းလမ်းဘေးစျေးသည်တွေ ဆန္ဒပြပွဲကြောင့် အဆင်ပြေမှုများနဲ့

ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။


ဒါကအဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပါ။ ကိုဗစ်ကြောင့် စျေးရောင်းချရခက်လို့ စားဝတ်နေရေး ခက်ခဲနေရတဲ့ ထိုင်းအခြေခံလူတန်းစားတွေမှာ နေ့စဉ်ရက်ဆက် ပြုလုပ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် မနည်းမနောရှိနေတဲ့ ဒီလူအုပ်ကြီးဆီကို မနက်မိုးလင်းတာနဲ့ အရောက်ကြိုသွားပြီး စျေးရောင်းချနေကြရလို့ ခုတော့အတော့်ကို အဆင်ပြေနေကြပါတယ်။

ရေဆာတဲ့သူက ရေသန်နဲ့အအေးဝယ်သောက်၊ ဗိုက်ဆာလာတဲ့သူက အစားအသောက်မျိုးစုံနဲ့ ဗိုက်ဖြည့်နိုင်ကြတော့ လူအုပ်နဲ့စျေးသည် အလုပ်ကိုဖြစ်နေတာပါ။ ဘယ်နားမှာ ဆန္ဒပြကြမယ် ဆိုတာကြိုသိရင် ဆန္ဒပြသူတွေ မရောက်ခင်ကကို စျေးသည်တွေက ကြိုတင်နေရာယူထား ကြပြီးဖြစ်ပါတယ်။

သုံးဘီးဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေနဲ့ ရောင်းချရမှာတွေတင် အစောဆုံးရောက်အောင်သွားပြီး နေရာကောင်းရဖို့ ကြိုးစားလိုက်ရင်ကို တစ်နေ့တာအတွက် ရောင်းချရမှုက အတော်အဆင်ပြေနေပါပြီ။ အောက်တိုဘာလ ၂၂ရက်နေ့ကတော့ ထိုင်းအစိုးရဟာ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။

Pro-democracy အရေး လှုပ်ရှားတက်ကြွမှုတွေက လချီအောင် ကြာမြင့်တာပြီလည်း ဖြစ်ပါတယ်။ အစိုးရရဲ့ ဒီကြေညာချက်ကြောင့်ပဲ ဆန္ဒပြမှုတွေက အရင်ကထက် ပိုပြီးလူများ လာစေခဲ့ပါတယ်။ ထိုင်းမှာ လက်ရှိကိုဗစ်ကူးစက်မှုက ၃၇၁၉ သာရှိတာဖြစ်ပြီး သေဆုံးသူကတော့ ၅၉ ဦး ရှိခဲ့တာလည်း ဖြစ်ပါတယ်။

 

By Myanmar Food Guide

Read 2043 times
Rate this item
(0 votes)