Thiland



သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်သော ထိုင်းနွား ကောင်ရေ ၇,၀၀၀ ဗီယက်နမ် ဝယ်ယူမည်

သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်သော ထိုင်းနွား ကောင်ရေ ၇,၀၀၀ ဗီယက်နမ် ဝယ်ယူမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ယခုဇူလိုင်လမှ စက်တင်ဘာလအထိ နွားကောင်ရေ ၇၀၀၀ ကို ထိုင်းနိုင်ငံမှ တင်သွင်းရန် ဗီယက်နမ်က သဘောတူညီခဲ့ပါသည်။ တန်ဖိုး ဘတ် ၂၉၅ သန်း ရှိမည်ဟု ခန့်မှန်းပါသည်။

 

မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန Department of Livestock Development (DLD) က ဗီယက်နမ် အာဏာပိုင်များက ကျွဲနွား မွေးမြူရေးခြံ ၁၄ ခုအား တင်ပို့ရန် ခွင့်ပြုချက် ပေးခဲ့ကြောင်း ပြောကြားသည်။

 

 

photo_2023-07-03_14-17-24.jpg

 

 အဆိုပါ သဘောတူညီချက်သည် ယမန်နှစ်နှောင်းပိုင်းကတည်းက ခြောက်လကြာ ညှိနှိုင်းမှုရလဒ် ဖြစ်ပါသည်။

နိုင်ငံတကာစံနှုန်းများအရ နွားများ မိလ္လာစနစ်၊ ရောဂါထိန်းချုပ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ စသည့် ကိစ္စရပ်များကို ညှိနှိုင်းခဲ့ကြသည်ဟု  DLD ပြောရေးဆိုခွင့်ရှိသူ Sophat Chawankul က ပြောကြားသည်။

 

“ထိုင်းလယ်သမားတွေအတွက် သတင်းကောင်းဖြစ်သလို ထိုင်းနိုင်ငံရဲ့ နွားဈေးကွက်ကို နိုင်ငံရပ်ခြားမှာ ချဲ့ထွင်ဖို့ နောက်ထပ်ခြေလှမ်းတစ်ခုအတွက်လည်း သတင်းကောင်းပါ” ဟု ၎င်းက ဆိုသည်။

 

သဘောတူညီချက်အရ နွားများသည် အောက်ပါတို့အပါအဝင် စံသတ်မှတ်ချက်များနှင့် ပြည့်မီရမည် ဖြစ်သည်။

 

• ထိုင်းမွေးမြူရေးခြံတွင် မွေးဖွားခြင်း ဖြစ်ရမည်။ အခြားနိုင်ငံမှ တင်သွင်းထားသော နွားဆိုပါက ထိုင်းမွေးမြူရေးခြံတွင် အနည်းဆုံး နှစ်လ မွေးမြူထားပြီး ဖြစ်ရမည်။ 

• ခွားနာလျှာနာ ရောဂါ ကင်းရှင်းကြောင်း လက်မှတ် ရှိရမည်။

• မတင်ပို့ခင် အနည်းဆုံး ၁၄ ရက်မတိုင်မီက ၎င်းရောဂါ ကာကွယ်ဆေး ထိုးနှံထားရမည်။

• အရေပြားအဖုအကျိတ်ရောဂါလက္ခဏာ မရှိရ၊ အနည်းဆုံး ၂ လ နှင့် အများဆုံး တစ်နှစ် မတိုင်မီက ကာကွယ်ဆေး ထိုးနှံထားရမည်။

• Beta-agonist ပစ္စည်းများ ကင်းရှင်းကြောင်း  ကျပန်းစမ်းသပ်မှုများကို နှစ်ကြိမ်အောင်မြင်ရပါမည်။ ယင်းကိစ္စအတွက် ခြံမှ ပေးပို့ခါနီးတွင် တစ်ကြိမ်၊ နယ်ခြားရှိ တိရစ္ဆာန် ကွာရင်တိုင်းဇုန်တွင် တစ်ကြိမ် ဆေးစစ်ရမည်။ 

• တင်ပို့ခြင်းမပြုမီ အနည်းဆုံး တစ်နှစ်အလိုတွင် သားလျှောရောဂါ (brucellosis ) နှင့် နမိုးနီးယား pneumonia တို့ ကင်းစင်ရပါမည်။

• ခြေရာခံနိုင်စေရန်အတွက် နွားအားလုံးသည် နားရွက်တံဆိပ် တပ်ထားရမည်ဖြစ်ပြီး DLD မှထုတ်ပေးသော တိရစ္ဆာန်ဆေးကုသရေးကျန်းမာရေးလက်မှတ် တစ်ပါတည်း ပါရမည်။

 

DLD သည် နိုင်ငံရှိ နွားမွေးမြူသူများနှင့် သားသတ်ရုံများအား  Good Farming Management (GFM) နှင့် Good Agricultural Practice(GAP) တို့ကို မြှင့်တင်ပေးနေသောကြောင့် ထိုင်းနွားမွေးမြူသူများသည် ဗီယက်နမ်၏ ဘေးကင်းရေးစံနှုန်းများနှင့် ကိုက်ညီရန်အတွက် အထွေအထူး ပြဿနာ ရှိမည်မဟုတ်ဟု ပြောကြားသည်။

 

ထို့အပြင် အသား အရောင် ပိုမိုတောက်ပစေရန် Beta-agonist ပစ္စည်းများ အသုံးပြုမှုကို ထိုင်းနိုင်ငံတွင် ၂၀၀၃ ခုနှစ်ကတည်းက တရားမဝင်ဟု ကြေညာခဲ့သည်။

 

Source nationthailand

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 03 July 2023 14:21
Rate this item
(0 votes)