Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းမှာ ဝက်သား မတန်တဆ ဈေးကြီးနေသဖြင့် အစားထိုး မိချောင်းသား ရောင်းချ

ထိုင်းမှာ ဝက်သား မတန်တဆ ဈေးကြီးနေသဖြင့် အစားထိုး မိချောင်းသား ရောင်းချ

ထိုင်းနိုင်ငံမှာ မိချောင်း မွေးမြူရေးလုပ်ငန်းများက မိချောင်းသားကို ဝက်သားထက် ဈေးသက်သာတဲ့ အသားတစ်မျိုးအဖြစ် ရောင်းချကြပါတယ်။ ဝက်သားဈေးက တစ်ကီလိုကို ဘတ် ၂၀၀ အထက်မှာ ရောက်နေပါတယ်။ ဝက်တုပ်ကွေးကြောင့် ဝက်မွေးမြူရေး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်လို့ ဝက်သားဈေး မတန်တဆ မြင့်တက်နေပြီး ထိုင်းအစိုးရက ဝက်သား ပြည်ပတင်ပို့ခြင်းကို တားမြစ်ထားပါတယ်။ ဝက်သားအစား ကြက်သားကို စားကြတဲ့အတွက် ကြက်သားဈေးလည်း မြင့်တက်နေပါတယ်။

Nakhon Pathom မှ မိချောင်းမွေးမြူရေးသမားတစ်ဦးက ဝက်သား မတန်တဆ ဈေးကြီးနေတဲ့ အ‌ြေခအနေကို လသာတုန်း ဗိုင်းငင်တဲ့အနေဖြင့် မိချောင်သားကို သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ရောင်းချခဲ့ပါတယ်။
မိချောင်းမွေးမြူရေးစခန်း Hia Sak Farm ပိုင်ရှင်က မိချောင်းသားကို လက်လီရောင်းဈေး တစ်ကီလို ၁၀၅ ဘတ်ဖြင့် ရောင်းချပေးနေပြီး လက်ကားဈေးကတော့ တစ်ကီလိုကို ဘတ် ၇၀ ဖြင့် ရောင်းချပေးပါတယ်။ လက်ကားဈေးဖြင့် ဝယ်ယူလိုပါက အနည်းဆုံး မိချောင်းသား ကီလို ၃၀ ဝယ်ယူရမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ မိချောင်းမွေးမြူရေးစခန်းက ပြည်ပပို့ကုန်အဖြစ် လုပ်ကိုင်ခဲ့ပြီး ယခုအခါ ဝက်သား၊ ကြက်သား ဈေးနှုန်းမျာ မြင့်တက်နေလို့ ပြည်တွင်းဈေးကွက်ကို စတင်ရောင်းချပေးနေတာလို့ ဆိုပါတယ်။

 

4200091.jpg

မိချောင်းသား အစိတ်အပိုင်း အမျိုးမျိုး

 

4200087.jpg

လက်ကားဈေးနှုန်းက တစ်ကီလို ဘတ် ၇၀ ဖြစ်ပြီး အနည်းဆုံး ကီလို ၃၀ ဝယ်ယူရမှာ ဖြစ်ပါတယ်။


နောက်ထပ် မိချောင်းမွေးမြူရေးစခန်းတစ်ခု ဖြစ်တဲ့ Rungtaweechai Farm မှာလည်း အနီးအနားတဝိုက်မှာ နေထိုင်ကြတဲ့သူတွေ မိချောင်းသား လာဝယ်ကြပါတယ်။ မိချောင်းမွေးမြူရေးစခန်းပိုင်ရှင် အသက် ၆၅ နှစ် ရှိသူ Wichai Rungtaweechai က သူ့မွေးမြူရေးခြံမှာ မိချောင်း ကောင်ရေ ၁၂,၀၀၀ ခန့်ရှိပြီး အရွယ်အစား အမျိုးမျိုး ရှိပါတယ်။ အကြီးဆုံး အရွယ်အစားက ၅ မီတာ အလျား ရှိပါတယ်လို့ ပြောပြပါတယ်။ သူ မိချောင်းမွေးမြူခဲ့တာ သက်တမ်း ၃၀ နှစ် ကျော်ပြီလို့ သူက ပြောပြပါတယ်။
"ဝက်သား အရမ်းဈေးကြီးနေတော့ မိချောင်းသားဘက်ကို လူတေွလှည့်လာကြတာ ပိုများလာတယ်။ မိချောင်းသားက ဈေးလည်း သက်သာတယ်။ အရသာလည်း ပိုကောင်းပါတယ်။ အဆီနည်းတယ်။ ပရိုတင်း မြင့်မားတယ်" လို့ သူက ရှင်းပြပါတယ်။

မိချောင်းကို အသက် သုံးနှစ်ခွဲဝန်းကျင်မှာ အသားပေါ်လို့ ရပြီ။ အလေးချိန်က ကီလို ၃၀~၄၀ ရှိပြီး အလျားက ၁၈၅ စင်တီမီတာလောက် ရှိတယ်လို့ သူက ရှင်းပြပါတယ်။ မိချောင်းတစ်ကောင်ထံမှ အသား ၁၂ ကီလိုဂရမ်ဝန်းကျင် ရရှိတယ်လို့ သူက ပြောပြပါတယ်။


4200095.jpg

မိချောင်းသား အသားတုံးအမျိုးမျိုးကို တွေ့ရပုံ


မိချောင်းကို မသတ်ခင်မှာ လျှပ်စစ်ဓာတ်ဖြင့် သတိလစ်အောင် အရင်လုပ်တယ်လို့ Mr Wichai က ပြောပြပါတယ်။ အမြီးအပေါ်ခြမ်းမှ အသားက အရသာ အကောင်းဆုံးဖြစ်ပြီး လူကြိုက်များကြောင်း သူက ပြောပြပါတယ်။

အခြားနေရာမှ အသားများကိုလည်း အသုံးပြုနိုင်ပါတယ်။ အသားကင်၊ ခေါက်ဆွဲနဲ့ ပြုတ်စားခြင်း၊ အသားမွှေကြော် စတဲ့ ဟင်းလျာတွေကို ချက်ပြုတ်စားသောက်ကြတယ်လို့ သူက ပြောပြပါတယ်။

 

 

 

Read times
Rate this item
(0 votes)