Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ကင်းမွန်သံပရာပေါင်း


ပိတ်ရက်ဖြစ်တဲ့ မိုးတွင်းကာလ မိုးလေးအေးအေးလေးနဲ့ ချဉ်ငံစပ် ဟင်းလေးချက်ပြီး ထမင်းမြိန်စေမည့်အပြင်

လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ကင်းမွန်သံပရာပေါင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 


ပါဝင်ပစ္စည်းတွေကတော့ ကင်းမွန်၊ သံပရာသီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊ ဆား တို့ လိုအပ်ပါမယ်။

 


ပထမဦးဆုံး ကင်းမွန်များကိုအတွင်းမှ အညစ်အကြေးများသန့်စင်၍ မွှန်းကာ ရေစင်အောင်ဆေး ကြောထားပါ။

 


ပြီးနောက် ပန်းကန်ပြားတစ်ချပ်ထဲတွင် ကင်းမွန်များစီ၍ ထည့်ထားပါ။

 


ပြီးလျှင် ပန်းကန်လုံးတစ်ခုထဲတွင် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပဲငံပြာရည်အကြည်၊ သံပရာရည်၊ ဟဟင်းခတ်မှုန့်၊ ဆားအနည်းငယ်တို့ကို ထည့်၍ သမအောင်ရောမွှေထားပါ။



ပြီးနောက် ဆော့စ်အရည်ကို ကင်းမွန်ပန်းကန်ထဲသို့ နှံ့အောင်လောင်းချ၍ ရေနွေးငွေ့ဖြင့် မိနစ်အနည်းငယ်ခန့် ပေါင်းပေးပါ။



နောက်ဆုံး ကင်းမွန်အသားကျက်လျှင် နံနံပင်အုပ်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။

 

Read times Last modified on Tuesday, 18 September 2018 13:14
Rate this item
(4 votes)