Thiland

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းစတိုင် ဆန်ပြားကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း

လွယ်လင့်တကူ ချက်ပြုတ်စားနိုင်တဲ့ ထိုင်းစတိုင် ဆန်ပြားကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ညှပ်ခေါက်ဆွဲ၊ ကြက်သား၊ ကြက်ဥ၊ ကိုက်လန်၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ခရုဆီ၊ ငံပြာရည်၊ ဆီ၊ ဆား၊ အသားမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဆန်ပြားကို အရွယ်လေးတွေလှီးပြီး ပန်းကန်ပြားတစ်ခုထဲထည့်ထားပါ။

 

ကြက်သားကို ရေဆေးသန့်စင်ပါ။ နှစ်သက်သလိုအတုံးလေးတွေလှီးပြီး အရသာအတွက် ဆား၊ အသားမှုန့်၊ ပဲငံပြာရည်အကျဲတို့နဲ့နယ်ပြီး မိနစ်အနည်းငယ်ခန့်နှပ်ထားပါ။

 

ပြီးလျှင် ကြက်ဥကို ခေါက်ထားပါ။ ကိုက်လန်ကိုလည်း လက် ၂ ဆစ်ခန့်အရွယ်လေးတွေလှီးဖြတ်ပြီး ရေဆေးသန့်စင်ထားပါ။

 

ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။ ဆန်ပြားကြော်မည့်ဒယ်အိုးထဲကို ဆီထည့်ပါ။ ဆီပူရင် ကြက်သွန်ဖြူဆီသတ်ပါ။

 

ကြက်သွန်ဖြူနွမ်းရင် ကြက်သားထည့်ပြီးကြော်ပါ။ အရောင်ပြောင်းရင် အသားနူးဖို့အတွက် လိုအပ်ပါက ရေနွေးအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။

 

ကြက်သားနူးရင် ကြက်ဥထည့်မွှေပါ။ ပြီးနောက် ကိုက်လန်၊ ဆန်ပြား၊ ခရုဆီ၊ ငံပြာရည်နဲ့ လိုအပ်ပါက ဆား၊ အသားမှုန့်ကိုပါထပ်ထည့်၍ နှံ့အောင်ကြော်ပါ။

 

အားလုံးနှံ့သွားပြီး အရသာအနေတော်ရင် ထိုင်းစတိုင် ဆန်ပြားကြော် ပူပူနွေးနွေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:36
Rate this item
(1 Vote)